ချစ်ချစ်ဇော်ဟာ လက်ရှိမှာ သမီးကြီးတစ်ယောက်အဖြစ် မိသားစုရဲ့ တာဝန်တွေကို ထမ်းနေရတဲ့သူတစ်ဦးပါ။ ဖခင်ဖြစ်သူက ကွယ်လွန်၊ အစ်ကိုဖြစ်သူက ထောင်ကျ၊ ကျန်းမာရေး မကောင်းတာကြောင့် အိမ်ရဲ့ စီးပွားရေးကို ညီမဖြစ်သူနဲ့ ရုန်းကန်နေရတဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြလာပါတယ်။
Photo: Chit Chit Zaw
သရုပ်ဆောင် ချစ်ချစ်ဇော်က မိသားစုနဲ့ ပတ်သက်တဲ့ သူမရဲ့ ရင်တွင်းခံစားချက်တွေကို ဖွင့်ဟ ပြောပြလာပါတယ်။ သူမ ကြုံတွေ့ခဲ့ရတဲ့ လောကဓံကလည်း စိတ်ဓာတ်ကြံ့ခိုင်မှု မရှိတဲ့သူဆိုရင် လဲကျသွားလောက်တဲ့ အနေအထားတစ်ခုပါပဲ။
‘’ဒါလားဟဲ့လောကဓံ ~အစ်ကိုအဖမ်းခံရတယ်။ အဖေဆုံးသွားတယ်။ အဖေ့ကိုမြေချတော့ အစ်ကိုကထောင်ထဲမှာ။ အဖေဆုံးလို့တစ်လမပြည့်သေး အစ်ကိုက ကျန်းမာရေးမကောင်း၊
စစ်ဆေးကြည့်လိုက်တော့ ဘယ်လိုမှထင်မှတ်မထားတဲ့ ကင်ဆာရောဂါတဲ့ ။ ကံကောင်းထော က်မစွာ ဆေးကုသခွင့် အာမခံလေးနှင့်အစ်ကို့ကို ခွဲစိတ်ကုသတော့ ကျွန်မနဲ့ လင်းလင်း အစ်ကို့နား တစ်ယောက် ၊ အမေ့နားတစ်ယောက်စောင့်ရ။ ကီမိုဆေးသွင်းရင်း အမှု့ကို စိတ်ဓာတ်အား အင်ချို့တဲ့စွာ ရင်ဆိုင်နေရတဲ့ အကိုကခုချိန်မှာကျွန်မ တို့ညီအမနှစ်ယောက်ကို ကလေးတစ်ယောက်သဖွယ် မျက်စေ့အောက်ကအပျောက်မခံ အားကိုးမှီတွယ်’’ လို့ ူကဆိုပါတယ်။
Photo: Chit Chit Zaw
ဖခင်ဖြစ်သူ မရှိတော့တဲ့နောက် မိသားစု စားဝတ်နေရေးကို ညီမဖြစ်သူ လင်းဇာနည်ဇော်နဲ့ အလုပ်တွေ အတူတူလုပ်ကျရင်း ရှာဖွေခဲ့တာဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ ဒါရိုက်တာ မိုက်တီးက ထောင်ကျခံနေရတာလည်းဖြစ်သလို ကျန်းမာရေးမကောင်းတာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ လည်း သိရပါတယ်။
‘’ကျွန်မတို့မှာ စားဝတ်နေရေး၊ လူမှု့ရေး၊သာရေး;နာရေးအတွက် ရုန်းကန်ကြိုးစားရတာတစ်ဖက်၊
အစ်ကို့အမှု့ကကိုယ့်အမှုကို ရုံးချိန်းတွေပြေးရလွှားရတာတစ်ဖက် ၊ ဆေးသွင်းရက်၊ ဆေးရုံပြရက်၊ ဆေးစစ်ရက်တွေတိုင်းလဲ မပျက်မကွက်ရအောင် အာရုံစိုက်ကြရတာတစ်ဖက်၊
စိတ်ဓာတ်ကျနေတဲ့အစ်ကို ကို ဖေးမရတာတစ်ဖက်။ အားကြိုးမာန်တက်ကြိုးစားထားခဲ့တဲ့ ကိုယ့်ရုပ်ရှင်ဇာတ်ကားကြီး ကလည်း ခုထိပြခွင့်မရ ။ မောလိုက်တာ အဲဒါ #လောကဓံ လေလား....ကြံ့ကြံ့ခံပေမယ့် ပြိုလဲချင်နေပါပြီ’’ဆိုပြီးတော့ ဇွန်လ ၂၇ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Chit Chit Zaw
ဒါကြောင့် သူမတို့ မိသားစု ခံစားနေရတဲ့ ဒုက္ခတွေကိုလည်း အမြန်ဆုံး လွတ်မြောက်ချင်ပြီလို့ ဆိုပါတယ်။ ဒီအကြောင်းအရာတွေကလည်း သူမရဲ့ ခံစားချက်တွေကို ပရိသတ်တွေဆီ ရင်ဖွင့်ပြောပြနေမိတယ်လို့ ပြောပါတယ်။
‘’ကျွန်မတို့မိသားစု ဘဝမှာရပ်တည်ခဲ့သမျှကာလပတ်လုံး မည်သူတစ်ဦးတစ်ယောက်ကိုမှဒုက္ခမပေးခဲ့ဘူးပါ။ ခုနှစ်ရက်သားသမီးများကိုလဲနေ့စဉ်
မေတ္တာများပို့ပေးပါတယ်။ ဤမှန်သောစကားကြောင့် သံသရာကြွေးများအမြန်ဆုံးကြေရပါလို၏(မောလွန်းလို့ ချစ်တဲ့သူတွေကိုရင်ဖွင့်မိတာပါ။ စိတ်မညစ်ကြနဲ့နော်’’ လို့ သူကဆိုပါတယ်။
Photo: Chit Chit Zaw
လက်ရှိမှာတော့ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ဟာ ရွှေတောင်ခေါက်ဆွဲ လုပ်ငန်းကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးလည်း ရှိတာကြောင့် အနုပညာအလုပ်နဲ့ အဆက်အသွယ် မပြတ်သေးပါဘူး။ ချစ်ချစ်ဇော်ကတော့ ဇာတ်ကားတွေ ဆက်မရိုက်ဖြစ်တော့ပေမယ့် လင်းဇာနည်ဇော်ကတော့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။