ထိုင်းက ပရိသတ်တွေအများကြီး တိုးလာတယ်တဲ့။

ပိုင်တံခွန်ကတော့ ထိုင်းကပရိသတ်တွေအများကြီး တိုးလာလို့ ပျော်နေပါတယ်။ ဖေ့စ်ဘွတ်မှာဆို Followers ၁သိန်းကျော်တောင် တိုးလာတယ်တဲ့။

 

Photo : ပိုင်တံခွန်



ထိုင်းကပရိသတ်တွေရဲ့ အားပေးကြောင့် ပိုင်တံခွန်တစ်ယောက် ပျော်လို့နေပါတယ်။ ဖေ့စ်ဘွတ်မှာလည်း Follower တွေတိုးလို့ ပျော်နေသလို အင်စတာဂရမ်မှာလည်း Followers တိုးလာတယ်လို့ ပိုင်တံခွန်က ဆိုပါတယ်။

“ထိုင်းကပရိတ်သတ်တွေလည်း ချစ်ဖို့ကောင်းပြန်ရော Fb မှာ followers ၁ သိန်း ၆ထောင် တိုးလာတယ်။Instagram မှာ ၅ သောင်း တိုးလာတယ်

ဒီလိုဖြစ်တယ်ဆိုတာ ကျနော့်ကို ချစ်လို့ အားပေးတဲ့ မြန်မာက ပရိတ်သတ်တွေကနေအစပြုတာပါ ကျေးဇူးလည်းတင်ပါတယ်

ဒီထက်မကလည်း ကြိုးစားပါဦးမယ်။ထိုင်းမှာလည်းကြော်ငြာတွေ အများကြီး လက်ခံဖြစ်ပါတယ်။ အခု ထိုင်း page တွေ channel တွေတော်တော်များများမှာ ကျွန်တော်သတင်းတွေ တွေ့တော့ ကျွန်တော်လည်း အရမ်းပျော်ပါတယ်” ဆိုပြီး ဇူလိုင်(၇) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားတာ တွေ့ရပါတယ်။


Photo : ပိုင်တံခွန်

အဲဒီနောက်မှာ ထိုင်းက ပရိသတ်တွေကိုလည်း ထိုင်းဘာသာစကားနဲ့ ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသေးတယ်။ ထိုင်းစကားနဲ့ ပရိသတ်တွေကိုေ ကျးဇူးတင်ကြောင်း ပြောထားတဲ့ဗီဒီယိုဖိုင်လေးကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၇) ရက်နေ့က ထပ်တင်ခဲ့ပါတယ်။

ပိုင်တံခွန်ဟာ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ တဖြည်းဖြည်း ရိုက်ကူးလာရတဲ့ မင်းသားတစ်ယောက်ဖြစ်လို့နေပါပြီ။ သူကိုယ်တိုင်ကလည်း အများအားဖြင့် ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ကမ်းလှမ်းမှသာ ရိုက်ကူးမယ်လို့ ဆိုပါတယ်။

‘’ နောက်ပိုင်းရိုက်တဲ့ ဇာတ်ကားတွေမှာ အမှန်အတိုင်းပြောရရင် ခေါင်းဆောင်ပုံစံပဲရိုက်ချင်တယ်။ ဒါပေမယ့် ကိုယ့်အတွက် ဇာတ်လမ်း၊ ဇာတ်ကွက်လည်းကောင်းမယ်၊ အဆင်ပြေတယ်ဆိုရင်တော့ ကျွန်တော်က ခေါင်းဆောင်ရယ်လို့ မဟုတ်ဘူး ရိုက်ဖြစ်တယ်။ ဒါပေမယ့် အဲဒါကတော့ နည်းနည်းရှားတာပေါ့နော်’’ လို့ သူကဆိုပါတယ်။

 

Photo : ပိုင်တံခွန်

ပိုင်တံခွန်ဟာ မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က