Photo - Ko Zan
Photo - Monywa Gazette
မေလ ၉ ရက်နေ့ မနက်ပိုင်းမှာတော့ သာယာဝတီထောင်၊ သရက်ထောင်၊ ပုသိမ်ထောင်၊ မြစ်ကြီးနားထောင်စတဲ့ ထောင်မှာရှိတဲ့ အကျဉ်းသားတွေက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်ပြီး တောင်းဆိုမှုတွေပြုလုပ်နေကြတယ်လို့ မီဒီယာတွေမှာဖော်ပြပါရှိပါတယ်။
မေလ ၈ ရက်နေ့ ညကလည်း ရွှေဘိုအကျဉ်းထောင်က အကျဉ်းသားတွေဟာ တန်းတူရည်တူ အခွင့်အရေးမရရှိတဲ့ အကြောင်းပြောဆိုပြီး အကျဉ်းထောင်အတွင်း ဆူပူခဲ့ပြီးနောက် သက်ဆိုင်ရာ အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ဖောက်ခဲ့ရာ အကျဉ်းသား (၄) ဦး သေဆုံးသွားခဲ့ပါတယ်။ မေလ ၉ ရက်နေ့မနက်ပိုင်းမှာတော့ တပ်မတော်က စစ်သားတွေ ဝင်ရောက် ထိန်းသိမ်းနေပါတယ်။
ပုသိမ်အကျဉ်းထောင်မှာလည်း မေလ ၉ ရက်နေ့ မနက်ပိုင်းကစတင်ပြီး ထောင်ဆူပူမှုဖြစ်ပွားနေတာကြောင့် မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝန်းရံနေရာယူထားရတဲ့ အခြေအနေဖြစ်နေပါတယ်။
အခုလို ထောင်ဆူပူမှုတွေနဲ့ပတ်သက်ပြီး အကျဉ်းဦးစီးဌာနတာဝန်ရှိသူတွေကို Duwun က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အစည်းအဝေးလုပ်နေတာကြောင့်ပြန်လည်ဖြေကြားနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။