Photo - Baywatch team Patong and Patong development foundation
မေလ ၂၇ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ပထုံကမ်းခြေက လွန်မ ပန်းခြံထဲမှာ လူငယ် အုပ်စုနှစ်ခုဟာ ဓါးတွေကိုင်ဆောင်ပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီလိုခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ဒေသခံရဲတွေက သူတို့ကိုလူစုခွဲခဲ့ကြပြီး သူတို့ထဲက အချို့ကိုတော့ ဖမ်းဆီးလိုက်တယ်လို့ ရဲဌာနကို ကိုးကားပြီး The Thaiger သတင်းဌာနက ဖော်ပြထားပါတယ်။
"ဒီလို ခိုက်ရန်ဖြစ်ပွားတဲ့ အကြိမ်ပေါင်းမနည်းပါဘူး။ တခါတလေ လူ ၂၀ လောက်ဖြစ်ကြပြီး ဒီတစ်ခေါက်တော့ သူတို့အဖွဲ့တွေထဲမှာ လူတွေပိုများလာတယ်။ ဒါပေမယ့် ဘာမှမဖြစ်ခင်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။"လို့ Baywatch team Patong and Patong development foundation ကရေးသားထားပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာတွေဟာ အများအားဖြင့် ဘန်ကောက်နဲ့ ကမ်းခြေဒေသတွေမှာ အလုပ်လုပ်ကိုင်ကြပြီးရံဖန်ရံခါ အုပ်စုလိုက်ခိုက်ရန်ဖြစ်ပွားကြတယ်လို့ သိရပါတယ်။