မိဘမဲ့ ကလေးတွေအတွက် သီချင်းတွေ သီဆိုသွားဦးမှာပါ။

ထူးအယ်လင်းရဲ့ မွေးနေ့ အလှူကို အနှိုင်းမဲ့ မေတ္တာ မိဘမဲ့ဂေဟာ မှာ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ သူနဲ့ အတူ အဆိုတော် နိုင်းဝမ်း နဲ့ ကော်ပရာ တို့ကလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။

Photo: ထူးအယ်လင်း

ထူးအယ်လင်းက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာကျရောက်မယ့် သူ့ရဲ့ မွေးနေ့မှာ အလှူအတန်းတွေနဲ့ ဖြတ်သန်းသွားမယ်လို့ သိရပါတယ်။ ဒီအလှူကိုတော့ လှိုင်သာယာမြို့နယ် အတွင်းက ‘’အနှိုင်းမဲ့ မေတ္တာ’’ မိဘမဲ့ ဂေဟာမှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

‘’၂၈.၂.၂၀၁၉(ကြာသာပတေး)နေ့ မနက် 9:00 နာရီမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုံမှာရှိတဲ့ (အနှိုင်းမဲ့မေတ္တာ) မိဘမဲ့ကလေးတွေရှိတဲ့ဂေဟာမှာ ကျွန်တော့်မွေးနေ့ပွဲအလှူလုပ်မယ်ဗျ ။ ကျွန်တော်တို့ အဲဒီမိဘမဲ့ကျောင်းဂေဟာ လေးမှာ ကုန်စုံဆိုင်မတည်လှူဒါန်းခြင်းဖွင့်ပွဲအစီအစဉ်လည်းပါတယ်ဗျ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၁၀ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: ထူးအယ်လင်း

အဲဒီနောက် ထူးအယ်လင်းရဲ့ မွေးနေ့မှာမိဘမဲ့ကျောင်းက ကလေးတွေအတွက် အဆိုတော် နိုင်းဝမ်းနဲ့ အဆိုတော် ကော်ပရာ တို့ကလည်း တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

‘’ ကလေးတွေနှင့်အတူမနက်စာနှင့်ဧည့်ခံပါမယ်။ အသံဒါနအနေနဲ့ကတော့ အဆိုတော် နိုင်းဝမ်း၊ အဆိုတော်ကော်ပရာနှင့် အခြားသောအနုပညာရှင်များနှင့် ကလေးများကို ဖျော်ဖြေပြီး စိတ်ဓါတ်ခွန်အားပေးခြင်းစကားပြော အစီအစဉ်များပါဝင်ပါမယ်။ အလှူပွဲကိုဖိတ်ခေါ်ပါတယ်ခင်ဗျ’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားပါတယ်။

Photo: ထူးအယ်လင်း

ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေသတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ သူဟာ အမှန်တကယ် လိုအပ်မှုရှိနေတဲ့ ဒေသတွေကို စုံစမ်းလေ့လာ လှူဒါန်းနေသူတစ်ယောက်ပါ။

Photo: ထူးအယ်လင်း

ထူးအယ်လင်းဟာ ‘’ ဆိုင်ကယ်ချစ်သူများ’’ ဆိုတဲ့ အဖွဲ့နဲ့အတူ ဘုရားစေတီ ပြုပြင် တည်ဆောက်လှူဒါန်းခြင်း၊ စာသင်ကျောင်းများ ပြုပြင်တည်ဆောက် လှူဒါန်းခြင်းတွေကိုလည်း ဆောင်ရွက်နေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ကုသိုလ်ရေးတွေမှာလည်း အနုပညာရှင်မောင်နှမတွေက အားဖြည့် ပါဝင်လာကြတာကိုလည်း တွေ့ရပါတယ်။

Share

Loading Next Article...
က္က