မမြင်ရတဲ့ နေရာမှာတောင် ယုံတယ်။

ဆုအိမ့်စံက သူ့ရဲ့ ချစ်သူဖြစ်တဲ့ သူရိယအပေါ် နားလည်မှုတွေ၊ ယုံကြည်မှုတွေ အပြည့်အဝပေးထားသူပါ။ တစ်ယောက်ရဲ့ စိတ်ကို တစ် ယောက် က နားလည်တာကြောင့် ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။ အရမ်းချစ်ကြတဲ့ ချစ်သူတွေဖြစ်လို့ သွားသွားလာလာ အတူတူပါပဲတဲ့။

Photo: Thu Riya Facebook

 

ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲ တစ်တွဲဖြစ်တဲ့ သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံ တို့ ကို ချစ်ကြတဲ့ ပရိသတ်တွေ အများကြီးပါ။ ပွဲတွေ လည်း အတူတူ တက်ဖြစ်သလို ဘယ်သွားသွား၊ ဘယ်လာလာ နှစ်ယောက်အတူတူ တွဲ တွေ့ဖြစ်နေတာကလည်း တစ်ယောက်နဲ့ တစ်ယောက် အရမ်းကို ချစ်ကြလို့ပါ ဆိုပြီးတော့ဆုအိမ့်စံက Duwun Media ကနေတဆင့် ပြောပြခဲ့ပါတယ်။

''အမြဲတတွဲတွဲသွားဖြစ်တယ်ဆိုတာကလည်းအရမ်းချစ်လို့ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်အားတဲ့အချိန်ဆိုရင် သူ့အနားကိုပဲသွားချင်တယ်။ တစ်ခုခု သွားစားမယ် ဆိုလည်း ဆုဆု ရေသွားရအောင် ဆိုပြီး အမြဲတမ်းတွေ့နေရတာလေ တစ်ခါ တစ်လေ နယ်သွားလို့ ရှိရင် ပြန်လာဖြစ်တယ် ဆုဆုရေ တွေ့ချင်တယ်ဆိုပြီးပြန်လာတာရှိတယ် ဘာပဲဖြစ်ဖြစ် ချစ်နေလို့အမြဲတမ်းတွေ့ဖြစ်တာပေါ့ '' လို့ ပြောပါတယ်။

Photo: Thu Riya Facebook

 

ဆုအိမ့်စံဟာ ချစ်သူ ဖြစ်တဲ့ သူရိယအပေါ် ယုံကြည်မှုတွေ၊ နားလည်မှုတွေ ရှိတဲ့ ချစ်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ယောက်ရဲ့ စိတ်ကို တစ် ယောက်က နားလည်တာကြောင့် သူမကြိုက်တာ မလုပ်သလို၊ ကိုယ်မကြိုက်တာလည်း သူမလုပ်ဘူး ဆိုပြီးတော့  သြဂုတ်လ ၂၂ ရက် နေ့ညက ဖိုးပြည့်ရဲ့ မင်းသားကြီး အခွေ မိတ်ဆက်ပွဲမှာ Duwun Media ကို သီးသန့်ဖြေဆိုခဲ့တာဖြစ်ပါတယ်။

''အမှန်အတိုင်းပြောရရင် သူ့ကိုယုံတယ် ဆုဆု မမြင်ရတဲ့နေရာမှာဆိုရင်တောင်မှ သူ့ကိုယုံတယ်။ အဓိကကယုံကြည်မှုတွေ နားလည်မှု တွေနဲ့ တည်ဆောက်ထားတာ သဝန်တိုတာတော့ နှစ်ယောက်အတူတူပါပဲ။ တစ်ခါတစ်လေသူက ပိုဆိုးတယ် ပိုပြီး ဂယက်ထတယ် တစ်ယောက် နဲ့တစ်ယောက်က မကြိုက်တာလည်း သိတဲ့အတွက် တစ်ယောက် မကြိုက်တာ တစ်ယောက်မလုပ်ကြဘူး'' လို့ သူကဆိုပါတယ်။

Photo: Thu Riya Facebook

စိတ်ထားကောင်းတဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့ ဆုအိမ့်စံ 

သူရိယကလည်း စိတ်ချရတဲ့ ချစ်သူဖြစ်တာကြောင့် ဘယ်ဇာတ်ကားမှာ ဘယ် မင်းသမီးနဲ့ပဲ တွဲတွဲ သဝန်မတိုပါဘူးလို့ ဆုအိမ့်စံက ပြော ပါတယ်။ ကိုယ်တိုင်ကလည်း အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက်  နားလည်ပေးတယ်ဆိုတာကို ဆက်လက် ပြောပြခဲ့ပါသေးတယ်။

''တစ်ခါတစ်လေ သူနယ်တွေမှာသွားရိုက်ရတာမျိုးရှိတယ်။ သူရှုတင်ပြီးရင် ဖုန်းချက်ချင်းဆက်တယ်၊ တစ်ညလုံးလည်း Video Call ကို ဖွင့်ပြီး အိပ်တယ်။ အဲ့တော့သူ့ကိုယုံတယ် နှစ်ယောက်က အမြဲအဆက်အသွယ်ရှိတယ်။ မင်းသမီးတွေနဲ့သူ့ကို သဝန်မတိုပါဘူး။ ကိုယ်တိုင်လည်း အနု ပညာရှင်ဖြစ်တဲ့အတွက် အဲ့ဒါကိုနားလည်တယ်ကိုယ်က အပြင်လူဆိုရင်တော့ တစ်မျိုးပေါ့နော်'' လို့ ဆိုပါတယ်။

Photo: Thu Riya Facebook

 

သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗီဒီယိုဇာတ်ကား တွေမှာလည်း အတူပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့ အချစ်ရေးက ပိုမိုခိုင်မာလျှက်ရှိပြီး ပရိသတ်တွေ ကလည်း သူတို့ ချစ်သူနှစ်ဦးကို အားပေးနှစ်သက်ကြတာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က