ပြီးခဲ့တဲ့ နှစ်က မြန်မာနိုင်ငံက ၁၅ ယောက် ရရှိခဲ့ပါတယ်။

UK နိုင်ငံရှိ တက္ကသိုလ်တွေမှာ သွားရောက်ပညာသင်ကြားဖို့ အခွင့်အရေးတစ်ခုဖြစ်တဲ့ ချီးဗနင်းပညာသင်ဆုကို ၂၀၁၉/၂၀၁၂၀ ခုနှစ်အတွက် သြဂုတ်လ ၆ ရက်နေ့က စပြီး လျှောက်ထားနိုင်ပြီလို့ UK သံရုံးကကြေငြာပါတယ်။

Photo - UK in Burma



၂၀၁၈/ ၂၀၁၉ ပညာသင်နှစ်မှာ မြန်မာနိုင်ငံက ၁၅ ယောက်ကို ပညာသင်ဆုပေးအပ်ခဲ့ပါတယ်။ အရွေးခံရတဲ့ မြန်မာကျောင်းသားတွေအနေနဲ့ UK မှာ တစ်နှစ် ပညာဆည်းပူးခွင့်ရမှာဖြစ်ပါတယ်။



လျှောက်လွှာတွေကို www.chevening.org/apply အင်တာနက်စာမျက်နှာကနေ ရယူနိုင်မှာဖြစ်ပြီးတော့ နိုဝင်ဘာလ ၆ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမယ်လို့ UK သံရုံးက ထုတ်ပြန်ထားပါတယ်။



ချီးဗနင်းပညာသင်ဆုဟာ ဦးဆောင်မှု အလားအလာကို ပြသနိုင်တဲ့ ပညာရေးနောက်ခံ အားကောင်းတဲ့သူတွေကို ပေးတဲ့ဆုလည်းဖြစ်ပါတယ်။ ၂၀၁၈/ ၂၀၁၉ ပညာသင်နှစ်မှာ မြန်မာနိုင်ငံက လူအယောက် ၃၀၀ ကျော်လျှောက်ထားပြီး အဲ့ဒီအထဲမှ ၆၆ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။



ထူးချွန်ထက်မြက်သူ ၅၀၀၀၀ ခန့်ကို ချီးဗနင်းပညာသင်ဆုဖြင့် ယူကေမှာ တက္ကသိုလ် တက်ရောက်ခွင့် ဖန်တီးပေးခဲ့ပြီး ၂၀၁၉/၂၀၂၀ ပညာသင်နှစ် အတွက် တစ်ကမ္ဘာလုံးတွင် ပညာသင်ဆု ၁၅၀၀ ကျော် ချီးမြှင့်သွားဖို့ရှိနေပါတယ်။

Share

Loading Next Article...
က္က