အွန်လိုင်း battle ဂိမ်းသစ်အနေနဲ့မိတ်ဆက်လိုက်တဲ့ Apex Legends ဂိမ်းဟာ မိုဘိုင်းလ်ဗားရှင်းမရောက်သေးပေမယ့် စိတ်လှုပ်ရှားစရာစံချိန်တွေ ပိုင်ဆိုင်ထားပါတယ်။
Respawn Entertainment နဲ့EA တို့ကနေ ထုတ်လိုက်တဲ့ Apex Legends ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က PS4 ၊ Xbox One နဲ့PC တို့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီး ၃ ရက်အတွင်း player ပေါင်း ၁၀ သန်း ကျော်လာခဲ့တာပါ။ တစ်ချိန်တည်းမှာ ဒီဂိမ်းကို ကစားနေသူက ၁ သန်းကျော်ရှိထားပါတယ်။
Photo: AR12Gaming
အခမဲ့ ကစားနိုင်တဲ့ MOBA ဂိမ်းဝင် Apex Legends ဟာ သူနဲ့အပြိုင် Fortnite ထက် သာလွန်တဲ့ ရလဒ်ကောင်းတွေ ရထားပါတယ်။ Fortnite မှာဆို ပလေယာ ၁၀ သန်းကျော်ဖို့၂ ပတ်ကြာ စောင့်ရတာပါ။ Apex Legends ဟာ အဖွဲ့လိုက်အားပြုတဲ့ တိုက်ခိုက်ရေး ဂိမ်းမျိုး ဖြစ်ပြီး Fortnite နဲ့PUBG တို့ကို ဆော့ဖူးသူတိုင်းနဲ့ရင်းနှီးတဲ့ gameplay ကို ဇာတ်အိမ်တည်ထားတာပါ။
တစ်ဖွဲ့မှာ squad အဖြစ် သုံးဦးပါဝင်ပြီး team ကို အခြေခံတဲ့ shooter ဂိမ်းဖြစ်လို့အချင်းချင်း voice chat လုပ်စရာမလိုတာကြောင့် အာရုံနောက်စရာ မပါတော့ပါဘူး။Fortnite တို့PUBG တို့လို battle ဂိမ်းတွေမှာလည်း squad တွေ ပါပေမယ့် တစ်ခြားတစ်ယောက်ယောက်နဲ့တွဲဆော့ရတာပါ။ သုံးဦး squad ဂိမ်းပုံစံနဲ့လာတဲ့ Apex Legends မှာတော့ ကိုယ့် class နဲ့ကိုယ် pick လုပ်ပြီး ရွေးထားခွင့်ပေးထားတာ ဖြစ်ပါတယ်။
နောက်တစ်ခုက ဂိမ်းထဲမှာ Legends ၈ မျိုး (ဇာတ်ကောင်အမျိုးအစား) ပေးထားပြီး ဒီထဲက ၂ မျိုးက ဒေါ်လာ ၂၀ နဲ့ပေးပြီး ဝယ်ရတာပါ။ ဒီဂိမ်းထဲမှာ Apex Coins လို့ခေါ်ပါတယ်။ Legends ပေါ်လိုက်ပြီး ကိုယ့် squad ရွေးချယ်မှုနဲ့တွဲဖက်လုပ်ဆောင်ရာမှာ အနိုင်အရှုံးစကားပြောပါတယ်။
အခုထိတော့ Apex Legends ကို မိုဘိုင်းလ်ဗားရှင်းအနေနဲ့မထုတ်ရသေးပေမယ့် မကြာခင်မှာ Fortnite ၊ PUBG တို့နဲ့ယှဉ်ပြိုင်ဖို့မိုဘိုင်းလ်လောကထဲ ဝင်ရောက်လာမယ်လို့သတင်းတွေ ထွက်ထားပါတယ်။