မိကျောင်းတွေကို အုတ်တံတိုင်းတွေ၊သံဇကာခြံစည်းရိုးတွေနဲ့ စနစ်တကျလုံခြုံအောင်ဆောင်ရွက်ထားပါတယ်။

ဒီကနေ့ စက်တင်ဘာ (၂၀) ရက် မနက်ပိုင်းမှာ ထူးကဲဒီရေ တက်လာလို့ သာကေတမြို့နယ် မိချောင်းကန်မှာ ရေနစ်မြှုပ်နေပေမယ့် ဝန်ထမ်းတွေနဲ့ မိကျောင်းတွေ လုံခြုံရေး စိုးရိမ်စရာ အခြေအနေတော့ မရှိဘူးလို့ သိရပါတယ်။

ဓာတ်ပုံ- Myo Min Hlaing

ဒီနေ့ မနက်ပိုင်းမှာ ပုံမှန်တက်တဲ့ ဒီရေထက် တစ်ပေခန့် ပိုတက်လာခဲ့ပေမယ့် မိကျောင်းတွေကို အုတ်တံတိုင်းတွေ၊ သံဇကာ ခြံစည်းရိုးတွေနဲ့ စနစ်တကျလုံခြုံအောင် ဆောင်ရွက်ထားပြီး ဝန်ထမ်းတွေ နေရေးထိုင်ရေးအတွက်လည်း ပြင်ဆင်ထားပြီးသားဖြစ်လို့ စိုးရိမ်စရာမရှိဘူးလို့ သာကေတမိကျောင်းမွေးမြူထိန်းသိမ်းရေးစခန်းမှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ မျိုးမင်းလှိုင်က Duwun ကို ပြောပါတယ်။

“ ကျွန်တော်တို့က ၂၀၁၈ မှာကတည်းက ထူးကဲဒီရေ ကြုံဖူးတယ်။ အဲဒီတုန်းက ရေတက်တာက အခုထက်ပြီး ၂ ပေလောက် ပိုများတယ်။ အဲဒီအချိန်ကတည်းက မိကျောင်းတွေ လုံခြုံရေးရော၊ ဝန်ထမ်းတွေ နေရေးထိုင်ရေးရော အခက်အခဲမရှိအောင် ကြိုတင်ပြင်ဆင်မှု တွေလုပ်ခဲ့တာ။ မိကျောင်းတွေနေတဲ့နေရာဆိုရင်လည်း အုတ်တံတိုင်း နှစ်ထပ်သုံးထပ်နဲ့။ အထဲမှာလည်း သံဇကာ ခြံစည်းရိုးတွေနဲ့ စနစ်တကျ လုံခြုံအောင် လုပ်ထားတယ်။ နောက်ထပ် နှစ်ပေလောက် ထပ်တက်လည်း စိုးရိမ်စရာမရှိဘူး”လို့ ဒေါက်တာမျိုးမင်းလှိုှုင်က ဆိုပါတယ်။

သာကေတမိကျောင်းကန်မှာ ထူးကဲဒီရေ ပုံမှန်တက်လေ့ရှိပေမယ့် ၂၀၁၈ ခုနှစ်တုန်းက ဒီရေဝင်ရောက်မှုထက်တော့ မများခဲ့ဘူးလို့လည်း သိရပါတယ်။

လက်ရှိ မှာ အပူပိုင်းမုန်တိုင်းနိုလ် တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံရဲ့ ဒေသအများစုမှာ မိုးရွာသွန်းပြီး ရေကြီးနစ်မြှုပ်မှုတွေ ဖြစ်ပေါ်နေပြီး တနင်္သာရီတိုင်းအတွင်းမှာလည်း မုန်တိုင်းဝင်ရောက်မှုကြောင့် ပင်လယ်ကမ်းစပ်အနီးက နေအိမ်တွေ ပျက်စီးမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က