ဒဏ်ရာခွဲစိတ်ကုသရာမှာ ပြုလုပ်ခဲ့ရတာပါ။

စူပါအီးဂဲလ်တိုက်စစ်မှူး (နိုင်ဂျီးရီးယား)ဟာ အင်တာနောက်ခံလူမီလန်စကီရီနီယာနဲ့ ထိခိုက်မိခဲ့ပြီး အဆိုပါဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး ၃ လကြာအနားယူရတော့မှာလည်းဖြစ်ပါတယ်။


နာပိုလီအသင်းအတွက် ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးအိုဆီမန်ဟာ အင်တာမီလန်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဦးခေါင်းဒဏ်ရာကို ခွဲစိတ်ကုသအပြီး ဆေးရုံက ဆင်းသွားခဲ့ပြီဖြစ်ပါတယ်။ စူပါအီးဂဲလ်တိုက်စစ်မှူး (နိုင်ဂျီးရီးယား)ဟာ အင်တာနောက်ခံလူမီလန်စကီရီနီယာနဲ့ ထိခိုက်မိခဲ့ပြီး အဆိုပါဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး ၃ လကြာအနားယူရတော့မှာလည်းဖြစ်ပါတယ်။



၃-၂ နဲ့ နာပိုလီတို့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဘောလုံးယှဉ်တိုက်ရာကနေ အိုဆီမန်ဟာ အဆိုပါဒဏ်ရာကိုရရှိခဲ့တာဖြစ်ပါတယ်။ ကွင်းအတွင်း ဆေးဝါးကုသမှုတွေပြုလုပ်ပေးခဲ့ပေမယ့်လည်း မျှော်လင့်ထားတာထက် အခြေအနေဆိုးရွားခဲ့လို့ ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီး သတ္ထုချောင်း ၆ ချောင်းနဲ့ မူလီ ၁၈ ခုအထိ ဦးခေါင်းတွင်းထည့်သွင်းကုသခဲ့ရတယ်လို့လည်း သိရပါတယ်။ 


၃ လကြာအနားယူရမှာဖြစ်တာကြောင့် သူဟာ အာဖရိကဖလားပွဲကိုလည်း လွဲချော်တော့မှာဖြစ်ပြီး နာပိုလီအတွက်လည်း ကစားပေးနိုင်မှာမဟုတ်လို့ ကလပ်နဲ့နိုင်ငံအသင်းအတွက် နစ်နာခဲ့ရပါတယ်။ "ဗစ်တာက ဒီနေ့မနက်မှာပဲ Ruesch ဆေးရုံကနေ ဆင်းသွားခဲ့ပါပြီ၊ သူ့အိမ်ကို ပြန်ရောက်နေပါပြီ၊ သူ ၁၀ ရက်ကနေ ၁၅ ရက်အထိ အနားယူပြီး အဲဒီနောက်မှာ သူ့အခြေအနေကို ပြန်စစ်ဆေးရပါလိမ့်မယ်" လို့ နာပိုလီက သူတို့ရဲ့ဝက်ဘ်ဆိုက်ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ခွဲစိတ်မှုပြုလုပ်ပေးခဲ့တဲ့ ဆရာဝန် Tartaro ကတော့ ကစားသမားအနေနဲ့ ပိုမိုကောင်းမွန်တဲ့အခြေအနေနဲ့ ပြန်ကစားနိုင်လိမ့်မယ်လို့ အာမခံချက်ပေးခဲ့ပါတယ်။ "အရမ်းရှုပ်ထွေးတဲ့ကုသမှုပါ၊ သူ့ရဲ့မျက်နှာအနေအထားက တကယ်ဆိုးရွားခဲ့ပါတယ်၊ ဒါပေမယ့် ခွဲစိတ်မှုအောင်မြင်ခဲ့တယ်ဆိုတာကို ကျွန်တော်အာမခံနိုင်ပါတယ်" လို့ သူက ဆိုပါတယ်။ 


အိုဆီမန်ဟာ နာပိုလီနဲ့ နိုင်ဂျီရီးယားအတွက် ဒီရာသီမှာ ပွဲ ၂၀ အထိ ကစားပေးထားပြီး ၁၃ ဂိုးသွင်းယူထားကာ အဓိကတိုက်စစ်မှူးအဖြစ် ခြေစွမ်းပြနေတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က