ထူးခြားတဲ့ တိုက်ဆိုင်မှုတွေလည်း ရှိခဲ့ပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ်အသင်းအများအပြားမှာ ကစားခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်းဟာ လက်ရှိမှာတော့ လီဗာပူးလ်အသင်းအတွက် ကစားပေးနေပါတယ်။


လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမားဂျိမ်းစ်မီလ်နာဟာ သူ့ဘဝရဲ့ သက်တမ်းတစ်ဝက်ကို ပရီးမီးယားလိဂ်ဘောလုံးပွဲတွေမှာ ကုန်ဆုံးခဲ့ပြီးဖြစ်တယ်လို့ အချက်အလက်မှတ်တမ်းများအရ သိရှိရပါတယ်။ အသက်၁၆နှစ်၊ ၁၀လ နဲ့ ခြောက်ရက်အရွယ်မှာပဲ လိဒ်ယူနိုက်တက်အတွက် မီလ်နာက စတင်ပြီး ပွဲထွက်ကစားပေးခဲ့ပါတယ်။

လိဒ်ယူနိုက်တက်မှာ နှစ်နှစ်ကြာကစားပေးခဲ့ပြီးနောက် နယူးကာဆယ်ကို ပြောင်းရွှေ့ခဲ့ကာ လေးနှစ်ကြာ စိန့်ဂျိမ်းစ်ပတ်မှာ ကစားခဲ့ပြီး အက်စတွန်ဗီလာကို ထပ်မံပြောင်းရွှေ့ခဲ့ပြီး နှစ်နှစ်အကြာမှာပဲ မန်ချက်စတာစီးတီးအသင်းကို မီလ်နာက ပြောင်းရွှေ့ခဲ့ပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ်အသင်းအများအပြားမှာ ကစားခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်းဟာ လက်ရှိမှာတော့ လီဗာပူးလ်အသင်းအတွက် ကစားပေးနေပါတယ်။



၂၀၁၀ မှာ မန်စီးတီးကို ပေါင် ၂၆သန်းနဲ့ မီလ်နာက ပြောင်းရွှေ့ခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ၂ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ပုံမှန်ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ မန်စီးတီးမှာ ၅ရာသီကြာကစားပေးခဲ့ပြီးနောက် လီဗာပူးလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ မီလ်နာက ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက် (၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မီလ်နာအတွက် ဒီရာသီဟာ ကစားသမားဘ၀ (၁၇)နှစ်မြောက် ဘောလုံးရာသီလည်း ဖြစ်လာခဲ့ပါတယ်။ အသက်အရွယ်ရလာပြီဖြစ်ပေမယ့်လည်း လီဗာပူးလ်အသင်းအတွက် မီလ်နာက ကြံ့ခိုင်မှုအပြည့်နဲ့ ကစားပေးနိုင်ဆဲဖြစ်ပြီး ကလော့ပ်အတွက် အားကိုးရတဲ့ကစားသမားအဖြစ်ရှိနေဆဲလည်း ဖြစ်ပါတယ်။

၁၉၈၆ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့မှာ မွေးဖွားခဲ့တဲ့ မီလ်နာဟာ ၂၀၀၂ ခုနှစ် နိုဝင်ဘာလ ၁၀ရက်နေ့မှာ ကစားသမားဘဝပွဲဦးထွက်ပွဲကို ကစားပေးခဲ့ပါတယ်။ သူ့ရဲ့ အသက်ကို နေ့ရက်အားဖြင့်တွက်ချက်မယ်ဆိုရင် ၆၁၅၄ ရက်မြောက်မှာ ပွဲဦးထွက်ကစားပေးခဲ့တာဖြစ်ပြီး မနေ့ကဆိုရင် မီလ်နာရဲ့ ပွဲဦးထွက်ကစားပေးခဲ့မှုဟာ ၆၁၅၄ ရက် ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က