ကိန်းကတော့ ပြီးခဲ့တဲ့ ကိုလ်ချက်စတာကို အရေးနိမ့်တဲ့ပွဲမှာ မပါခဲ့ပါဘူး။

ကိန်းရဲ့ တန်ကြေးကို ပေါင်သန်း ၂၅၀ ထိ သတ်မှတ်ထားပေမယ့် ကိန်းကို ရောင်းထုတ်သွားမှာ မဟုတ်ဘူးလို့ ဥက္ကဌ ဒန်နီရယ်လီဗေးက ပြောသွားတာပါ။

စပါးအသင်းရဲ့ ဥက္ကဌ ဒန်နီရယ်လီဗေးက ပေါင်သန်း ၂၅၀တန် ကိန်းကို ရောင်းထုတ်သွားမှာမဟုတ်ပဲ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်တယ်ဆိုတဲ့အကြောင်း The Telegraph သတင်းဌာနက ဖော်ပြ လာပါတယ်။





ကိန်းအနေနဲ့ ဒီနွေရာသီမှာ အသင်းပြောင်းမယ်လို့ သတင်းတွေ ထွက်ပေါ်ထားခဲ့ပေမယ့်လည်း ဒီနှစ်မှာ နည်းပြ ပွန်ချက်တီနိုအနေနဲ့ ဆုဖလားတစ်ခုမှမရသည့်တိုင် ကိန်းကို ရောင်းထုတ်သွားမှာမဟုတ်ဘူးလို့ အသင်းဥက္ကဌ က ပြောလာခဲ့တာပါ။

စပါးအသင်းအနေနဲ့ ကာရာဘောင်ဖလားပြိုင်ပွဲကနေ ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့အပြီး ထွက်ခဲ့ရကာ ပရီးမီး ယားလိဂ်မှာလည်း ၆ ပွဲကစားအပြီး အဆင့် ၈ မှာရပ်တည်နေပါတယ်။

စပါးအသင်းအနေနဲ့ အခြားကစားသမားတွေဖြစ်တဲ့ အဲရစ်ဆင်၊အန်ဒါဝီရယ်နဲ့ဗာတွန်ဂန်တို့ကိုလည်း စာချုပ်ရဲ့ နောက်ဆုံးနှစ်တွေကို ရောက်ရှိနေတာဖြစ်လို့ ဆုံးရှုံးရဖို့ များနေတဲ့သူတွေအဖြစ်ရှိနေပါတယ်။

ကိန်းကတော့ ပြီးခဲ့တဲ့ လက်စတာကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့ပေမယ့် ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲမှာတော့ အနားရခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆောက်သမ်တန်နဲ့ ပြန်ကစားရမယ့် လိဂ်ပွဲစဉ်မှာတော့ ပွဲထွက် ကစားသမားအဖြစ် ပြန်လည် ပါဝင်လာမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က