နောက်ထပ် ၂ပွဲအနိုင်ရရုံနဲ့ ဆုဖလားကို ဆွတ်ခူးနိုင်တော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားလိုု့ နာမည်ပြောင်းခဲ့ပြီးနောက် အင်္ဂလန်ရဲ့ အဆင့်အမြင့်ဆုံးအမှတ်ပေးဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်မှာလည်းဖြစ်ပါတယ်။
လီဗာပူးလ်အသင်းတိုက်စစ်မှူးမာနေးက ပရီးမီးယားလိဂ်ဖလားရရှိဖို့အတွက် အိပ်မက်မက်ထားခဲ့ပေမယ့်လည်း ဆုဖလားမရရှိခဲ့ပါက လက်ခံပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ရာသီဖျက်သိမ်းပြီး ဆုဖလားမပေးဖို့ ဆုံးဖြတ်ခဲ့လည်း နောက်ရာသီမှာ ဖလားရရှိအောင် ကြိုးစားသွားမယ်လို့ မာနေးက ဖွင့်ဟခဲ့ကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။
လီဗာပူးလ်ဟာ လက်ကျန် ၉ ပွဲကစားဖို့ လိုနေချိန်မှာ ၂၅ မှတ်အထိ ဖြတ်တောက်ကာ ဦးဆောင်ထားတဲ့အသင်းလည်းဖြစ်ပါတယ်။ နောက်ထပ် ၂ပွဲအနိုင်ရရုံနဲ့ ဆုဖလားကို ဆွတ်ခူးနိုင်တော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားလိုု့ နာမည်ပြောင်းခဲ့ပြီးနောက် အင်္ဂလန်ရဲ့ အဆင့်အမြင့်ဆုံးအမှတ်ပေးဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်မှာလည်းဖြစ်ပါတယ်။
"ပွဲတွေကို အနိုင်ယူချင်ပြီး ဆုဖလားကို ဆွတ်ခူးချင်ပါတယ်၊ အဲဒီလိုဖြစ်လာခဲ့မယ်ဆိုရင်တော့ အရမ်းကောင်းမှာပါ၊ ဒါပေမယ့်လည်း လက်ရှိအခြေအနေတွေအရ ဘာတွေပဲဖြစ်ဖြစ် ကျွန်တော်နားလည်ပေးနိုင်ပါတယ်၊ လီဗာပူးလ်အတွက်တော့ အဲဒါက ခက်ခဲမှာပါ၊ ဒါပမေယ့်လည်း ကမ္ဘာတဝှမ်းက လူအများအပြားအတွက်က ပိုပြီးအရေးကြီးပါတယ်"
"တချို့လူတွေက မိသားစုဆုံးရှုံးခဲ့ကြပြီးတော့ ခက်ခဲတဲ့အခြေအနေတွေ ပိုပြီးတော့ ရင်ဆိုင်ခဲ့ရပါတယ်၊ ကျွန်တော့်အတွက်တော့ ဆုဖလားရရှိဖို့က အိပ်မက်ဖြစ်ပြီး ဒီရာသီမှာ ဆုဖလားကိုရယူချင်တာပါ၊ တကယ်လို့ဖြစ်မလာခဲ့ဘူးဆိုရင်လည်း လက်ခံသွားမှာပါ၊ ဒါက ဘဝရဲ့အစိတ်အပိုင်းတစ်ခုပါပဲ၊ နောက်ရာသီမှာ ဗိုလ်စွဲနိုင်မယ်လို့ မျှော်လင့်ပါတယ်' လို့ မာနေးက ပြောဆိုခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကတော့ ဧပြီလကုန်အထိ ရွှေ့ဆိုင်းထားပြီး ပြန်လည်စတင်နိုင်ဖို့အတွက် နည်းလမ်းတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။ လိဂ်ကိုဖျက်သိမ်းဖို့ အကြံပေးမှုတွေရှိနေပြီး ဖျက်သိမ်းခဲ့ပါက လီဗာပူးလ်ကိုဖလားပေးဖို့ ထောက်ခံတဲ့ကလပ်တွေရှိသလို ရလဒ်တွေကို ပယ်ဖျက်ဖို့ ပြောဆိုသူတွေလည်း ရှိထားခဲ့ပါတယ်။