တရုတ်-မြန်မာနယ်စပ် နန်းတော်ဂိတ်ကနေ ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားအရေအတွက်က သုံးလအတွင်းမှာ သုံးသောင်း ဝန်းကျင် ရှိနေပြီလို့ သိရပါတယ်။
တရုတ်ကပြန်ဝင်လာသူတွေကို မူဆယ်ဂိတ်မှာ ကျန်းမာရေးဌာနနဲ့လဝကတို့အပါအဝင် ပရဟိတအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပေးလျက်ရှိနေ
တယ်လို့လည်း ဂရုဏာလူမှုကူညီရေးအသင်း ပရဟိတအဖွဲ့ရဲ့ ဥက္ကဌဦးသောင်းထွန်းက Duwunကိုပြောပါတယ်။
Photo: Thaung Tun
“လက်ရှိအချိန်ထိ သုံးလအတွင်းမှာ ပြန်ဝင်လာသူက နှစ်သောင်းကျော် သုံးသောင်း နီးပါးရှိနေပါပြီ။တရုတ်ဖက်က မြန်မာစံ တော်ချိန် ည ၈ နာရီအထိ ဂိတ်ဖွင့်ပေးပြီး ပြန်ဝင်လာသူများတဲ့နေ့ဆိုရင်ကျွန်တော်တို့အဖွဲ့တွေ စစ်ဆေးဆောင် ရွက်မှုတွေက ည ၁၁နာရီလောက်ထိ လုပ်ရပါတယ်။ နေရပ်ကို တိုက်ရိုက်ပြန်နိုင်သူတွေရှိသလို ကျန်းမာရေးအရ Quarantine ဝင်ဖို့လိုအပ်သူတွေကိုလည်း မူဆယ်မှာ စီစဉ်ပေးထားပါတယ်။” လို့ ဦးသောင်းထွန်းက ပြောပါတယ်။
မူဆယ်မှာ Quarantine ဝင်ဖို့အတွက်ကို အစိုးရနဲ့ပရဟိတအဖွဲ့တွေပူးပေါင်းဆောင်ရွက်ပေးနေတာဖြစ်ပြီး နေရပ်ပြန် ဖို့အတွက် ကားတွေကိုလည်း စီစဉ်ပေးထားတယ်လို့သိရပါသေးတယ်။
လက်ရှိ Quarantine ဝင်နေသူ ၃၀၀ ခန့်ရှိနေပြီး ဒီရက်ပိုင်းအတွင်း နေရပ်တိုက်ရိုက်ပြန်ဖို့ ၄၀၀ကျော် ရှိနေတယ်လို့ လည်းသိရပါတယ်။