အဆိုပါဒဏ်ရာကို ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ရရှိခဲ့တာလို့ သိရပြီး အာဆင်နယ်နဲ့ပွဲမှာ ဝင်ရောက်ကစားပေးခဲ့တာက သူ့ရဲ့ ဒဏ်ရာကို ပိုမိုဆိုးရွားစေခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးလူကာကူဟာ ခြေထောက်ဒဏ်ရာ ရရှိထားလို့ ဝုလ်ဗ်နဲ့ ကစားရမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲကို လွဲချော်ဖွယ်ရှိကြောင်း သိရပါတယ်။ အသင်းမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆန်းချက်ဇ်၊ လင်ဂတ် နဲ့ မာတာတို့ ဒဏ်ရာရရှိနေချိန်မှာ လူကာကူပါ ဒဏ်ရာရရှိခဲ့တာက ဆိုးလ်ရှားအတွက်တော့ စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။
လူကာကူဟာ အဆိုပါဒဏ်ရာကို ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ရရှီခဲ့တာလို့ သိရပြီး အာဆင်နယ်နဲ့ပွဲမှာ ဝင်ရောက်ကစားပေးခဲ့တာက သူ့ရဲ့ ဒဏ်ရာကို ပိုမိုဆိုးရွားစေခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ အသက် (၂၅)နှစ်အရွယ် တိုက်စစ်မှူးဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်မှုတွေပြုလုပ်ခဲ့ပြီးနောက် ဘောလုံးကစားဖို့ မသေမချာဖြစ်နေခဲ့တာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အတွက် နောက်ဆုံးကစားပေးခဲ့တဲ့ (၄)ပွဲမှာ (၆)ဂိုးအထိ သွင်းယူပေးထားပြီး ခြေစွမ်းပုံမှန်ပြန်ရနေတဲ့အချိန်မှာ ဒဏ်ရာရရှိခဲ့တာက ဘယ်လ်ဂျီယံတိုက်စစ်မှူးအတွက် စိတ်ပျက်စရာလည်း ဖြစ်လာခဲ့ပါတယ်။ ပဲလေ့၊ ဆောက်သမ်တန် နဲ့ ပီအက်စ်ဂျီတို့ကို တစ်ပွဲနှစ်ဂိုးစီ သွင်းယူခဲ့ပြီး လူကာကူရဲ့ ခြေစွမ်းက အမြင့်ဆုံးအနေအထားကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း လူကာကူဟာ အာဆင်နယ်နဲ့ပွဲမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး အပိုင်အခွင့်အရေးတွေကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ ပေါင် (၇၅)သန်းတန် တိုက်စစ်မှူးဟာ အသင်းရဲ့ ဆုဖလားမျှော်လင့်ချက်တစ်ခုဖြစ်တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ကို လွဲချော်ဖို့ နီးစပ်နေခဲ့ပြီး အန်သိုနီမာရှယ်က ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ပါဝင်လာဖို့လည်း ရှိနေခဲ့ပါတယ်။
လူကာကူသာ ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ဘူးဆိုရင် ဆိုးလ်ရှားက သူ့အသင်းကို ၄-၄-၂ ပုံစံနဲ့ ပွဲထွက်လာဖွယ်ရှိနေပြီး ရှေ့တန်းမှာ မာရှယ် နဲ့ ရက်ဖို့ဒ်တို့ကို တွဲဖက်ပေးလာဖွယ် ရှိနေပါတယ်။ မာရှယ် ဒဏ်ရာကနေ ပြန်လည်သက်သာခဲ့ပြီး အာဆင်နယ်နဲ့ပွဲမှာ လူစားဝင်ကစားခဲ့ကာ လူကာကူက ပြန်လည်ဒဏ်ရာ ရရှိသွားခဲ့လို့ ဆိုးလ်ရှားအတွက်တော့ လူရွေးချယ်ဖို့ အခွင့်အရေးတော့ နည်းပါးသွားခဲ့ပြီ ဖြစ်ပါတယ်။