မိသားစု အတူတူဆော့ဖို့လည်း တော်တော် စည်းရုံးရတယ်။

ဒါရိုက်တာ ကိုပေါက် ကတော့ Covid ကာလမှာ Tik Tok ဆော့ဖို့ သရုပ်ဆောင် ခြူးလေး ဆီက လေ့လာခဲ့ရတယ်လို့ ဆိုပါတယ်။ 

Photo: Ko Pauk



ဒါရိုက်တာ ကိုပေါက်ရဲ့ Tik Tok တွေကို အားပေးကြတဲ့ ပရိသတ်တွေကတော့ အများကြီးပါ။ Tik Tok စဆော့ တဲ့ အချိန်မှာ သရုပ်ဆောင် ခြူးလေးဆီက သင်ခဲ့ရတယ်လို့ ကိုပေါက် က Duwun ကနေ ပြောလာပါတယ်။ 

“ Tik Tok ဆိုတာ ကိုယ်လည်း မသိဘူး။ တကယ် မကျွမ်းကျင်ဘူးပေါ့နော်။ Covid ကျတော့မှ ဆော့ကြည့်မယ် ဆိုပြီးတော့ Tik Tok App ကို Down တယ်။ ခြူးလေးဆီကနေပြီးတော့ သမီးရေ ဒီဟာက ဘယ်လို ဆော့ရတာလဲ ဆိုပြီးတော့ မေး။ သူကလည်း ဆော့ပုံဆော့နည်းကို ပြောပြတယ်။ ပထမဆုံးက နင် နေကောင်းရဲ့လား ဆိုတဲ့ ဟာကို စဆော့တယ်။ အဲဒီတုန်းက ရိုက်နေရင်း စွပ်ကြယ်အစုတ်နဲ့ ရိုက်ထားတဲ့ဟာက တက်သွားတယ်။ အဆင်မပြေတော့ ကောင်းကောင်းလေး ဝတ်ပြီး ပြန်ရိုက်တာပေါ့။ မဆော့တတ် ဆော့တတ်နဲ့ ရိုက်ရင်း အခုလို ရိုက်ဖြစ်သွားတာပေါ့” ဆိုပြီးတော့ ဇွန်လ ၁၁ ရက်နေ့ က ခန့်စည်သူရဲ့ မွေးနေ့ အလှူကို လာရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Ko Pauk

ကိုပေါက်ရဲ့ Tik Tok လေးတွေမှာ သားနှစ်ယောက်နဲ့ အတူ ဇနီးဖြစ်သူလည်း ပါဝင်လာတာကို တွေ့ရပါတယ်။ မိသားစု အတူတူ Tik Tok ဆော့နိုင်ဖို့ နောက်ကွယ်မှာ တော်တော်လေး စည်းရုံးခဲ့ရတယ်လို့လည်း ကိုပေါက်က ပြောပါတယ်။ 

“ ကလေးတွေကတော့ မဆော့ချင်ဘူး။ သူတို့က ကာတွန်းကားကြည့်မယ်၊ You Tube ကြည့်မယ် ဆိုတာလောက်ပဲ။ Tik Tok ဆော့ဖို့ တော်တော်ခေါ်ရတယ်။ တစ်ခါကနေ နှစ်ခါ ရိုက်ပြီဆိုရင်လည်း ပါပါးက ဘာဖြစ်တယ်၊ ညာဖြစ် မပြီးသေးဘူးလား နဲ့ မနည်းချော့ပြီး ဆော့ခိုင်းရတယ်။ တချို့ဟာလေးတွေကျတော့ လင်မယားနှစ်ယောက် ဆော့ရမယ် ဟာတွေဆိုရင် မိန်းမကိုလည်း မနည်းခေါ်ဆော့ရတာပေါ့။ သူကလဲ အနုပညာလိုင်းက မဟုတ်တော့ မဆော့ချင်ဘူး” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Aroma

ကိုပေါက်က လက်ရှိမှာ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သူဟာ ဒါရိုက်တာအဖြစ်နဲ့သာမက သရုပ်ဆောင်အဖြစ်နဲ့ရော၊ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်အနေနဲ့ပါ ဇာတ်ကားတွေ ထုတ်လုပ်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ကိုပေါက်ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကတော့ သော်ဝန်းကြာဖြူဆိုတဲ့ ထုတ်လုပ်ရေးပါ။ ဒီထုတ်လုပ်ရေးကနေပြီးတော့ ‘’ဆယ်လီ’’ရုပ်ရှင်ဇာတ်ကားကြီးကို ထုတ်လုပ်ပြီး ရုံတင်ပြသခဲ့ပြီးပါပြီ။ နောက်ထပ်ဇာတ်ကားကြီးဖြစ်တဲ့ ‘’အသည်းလေးတွေပေးပါ’’ ဇာတ်ကားကိုတော့ ရိုက်ကူးခဲ့ပြီးဖြစ်ပြီး ရုံမတင်ရသေးပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က