အဓိက ကစားသမားတွေအဖြစ် အသုံးပြုနေတဲ့ လင်ဂတ်၊ မာရှယ်၊ ဟာရဲရားတို့အပြင် နောက်ခံလူ ဖီးလ်ဂျုံးစ်တို့ ဒဏ်ရာကနေ ပြန်သက်သာလာကြတာ ဖြစ်ပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမယ့် ဝုလ်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်အမီ မန်ယူအသင်းက တော့ အဓိက ကစားသမားအချို့ ဒဏ်ရာ ပြန်လည်သက်သာလာပြီလို့ နည်းပြ ဆိုးလ်ရှားက အတည်ပြုပေးတဲ့သတင်းကို BBC SPORTSက ဖော်ပြပါတယ်။ ခြေထောက် ဒဏ်ရာရရှိထားတဲ့ လူကာကူနဲ့ ဖျားနာဝေဒနာ ခံစားနေရတဲ့ ဂရင်းဝုဒ်တို့ကတော့ စောင့်ကြည့်ရ မယ့် အခြေအနေမှာသာ ရှိသေးတယ်လို့ဆိုပါတယ်။
အခြားသော ကစားသမားတွေ ဖြစ်တဲ့ နောက်ခံလူ ဖီးလ်ဂျုံးစ်၊ တိုက်စစ်မှူး မာရှယ်တို့ ဒဏ်ရာက ပြန်လည် သက်သာလာပြီ ဖြစ်ပြီး ဟာရဲရားနဲ့ လင်ဂတ်တို့ကလည်း လေ့ကျင့်ခန်း ပြန်လည်ဆင်းနေနိုင်ပြီလို့ ဆိုးလ်ရှားက အတည်ပြုပါတယ်။ “မနက်ဖြန်မှာ ဘယ်သူ ပွဲအတွက် အဆင်သင့်ဖြစ်ပြီလဲဆိုတာ ဆုံးဖြတ်ပါမယ်၊” လို့ ဆိုးလ်ရှားကပြောခဲ့တယ်လို့ BBC SPORTS ကဖော်ပြပါတယ်။
မန်ယူအသင်းကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းထားပြီ ဖြစ်ပြီး မန်ယူအသင်းကတော့ ကွာတားဖိုင်နယ်မှာ ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံနေပါတယ်။ ဒီကြားထဲမှာတော့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဖြစ် ဝုလ်အသင်းနဲ့ အဝေးကွင်းကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။