သမီးလေးကိုပါ ထည့်ထားတော့ စိတ်ဆိုးမိတယ်။

သက်မွန်မြင့်ကတော့ သူမရဲ့ နာမည်ကိုသုံးပြီး Page အတုတွေ ဖွင့်နေကြတဲ့အပေါ် အခုလို တုံ့ပြန်စကားဆိုလာပါတယ်။ 

Photo: Thet Mon Myint



သက်မွန်မြင့်ဟာ သူမရဲ့ ဓာတ်ပုံတွေနဲ့ Page အတုဖွင့်ပြီး ဖုန်းဘေ မဲဖောက်ပေးမယ်လို့ရေးထားတာကို မနှစ်သက်တဲ့အကြောင်း ပြောလာပါတယ်။ သူမရဲ့ သမီးလေးကိုပါ ထည့်ရေးထားတာ ဖြစ်တဲ့အတွက် စိတ်ဆိုးမိတယ်လို့ ဆိုပါတယ်။ 

"ဒီ ပေ့ချ်တွေနဲ့ ပို့စ်တွေက ကျွန်မ သက်မွန်မြင့်မဟုတ်ပါဘူး။ ကျွန်မနဲ့ မဆိုင်ပါဘူးရှင်။ ပြည်သူများ report ထုပေးနိုင်ကြပါတယ်။ သူများ နာမည်ကို သုံးပြီး လုပ်စားတာကို ရှုံ့ချပါတယ်။ သမီးကိုပါ ဆွဲထည့်သေးတာနော်" ဆိုပြီးတော့ ဧပြီလ ၂၇ ရက်နေ့ ၁၁ နာရီခွဲက သူမရဲ့ Facebook Page မှာ ရေးသားထားတာ တွေ့ရပါတယ်။ အဲဒီနောက် Page အတုကိုလည်း ကိုယ်တိုင် Screen Shot ရိုက်ပြီး တင်ထားခဲ့ပါသေးတယ် ။ 

Photo: Thet Mon Myint

သက်မွန်မြင့်ဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်တို့နဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သားကြီး အားချစ်နဲ့ သမီးငယ် လဝန်းမေ တို့ကို ပိုင်ဆိုင်ထားတဲ့ မိသားစုလေးရှိလို့နေပါပြီ။ 

Photo: Thet Mon Myint

သူမကိုတော့ ပရိသတ်တွေက Music Video တွေကနေတဆင့် စတင်အားပေးခဲ့ကြတာပါ။ သက်မွန်မြင့်ရဲ့ ထူးခြားချက်ကတော့ ချစ်စရာကောင်းတဲ့ မျက်ဝန်း၊ အေးချမ်းတဲ့ အပြုံးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် တောင့်တောင့်လေးနဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ပါ။ အနုပညာကို ဝါသနာပါလွန်းတာကြောင့် မွေးရပ်မြေ ချင်းတောင်တန်းကနေ ရန်ကုန်ကို ရောက်ရှိလာတဲ့ ချင်းတိုင်းရင်းသူလေး တစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က