အမြဲတမ်း အားပေးဖြစ်တယ်။

ကျော်ကျော်ကတော့ ဆုမြတ်နိုးဦးဟာ မိခင်ဖြစ်သူကို မျှော်လင့်မထားတဲ့ အချိန်မှာ ဆုံးရှုံးခဲ့ရတာကြောင့် အခုချိန်ထိ အားပေးစကားဆိုနေရတုန်းလို့ ပြောပါတယ်။ 

photo: Kyaw Kyaw



ကျော်ကျော်ဟာ မကြာသေးခင်က မိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ သရုပ်ဆောင် ဆုမြတ်နိုးဦးအတွက် စိတ်မကောင်းဖြစ်လို့ နေပါတယ်။ ဒါကြောင့် သူမအတွက် သူငယ်ချင်းတွေလည်း ဘေးမှာ အမြဲရှိနေပေးပါတယ်လို့ Duwun ကနေ သူက ပြောပြခဲ့တာပါ။ 

“ သူ့ကို အားပေးစကားပြောရတာတော့ အမြဲတမ်းပါပဲ။ အခုဆိုရင် ကိုပြေဇင် တို့ရှိတယ်၊ ကျွန်တော်၊ ညီထွဋ်ခေါင်ပေါ့နော်။ သူငယ်ချင်းတွေကတော့ အများကြီးရှိပေမယ့် သူ့ အမေ ဆုံးပြီးကတည်းက အနားမှာ အားပေးစကားအမြဲ ပြောဖြစ်တာကတော့ ကျွန်တော်တို့လောက်ပဲ ရှိတာပေါ့။ မျှော်လင့်မထားပဲ ဖြစ်သွားတဲ့ ကိစ္စကြီးဖြစ်တဲ့အတွက် အနားမှာ ဘယ်လိုပဲ ဖြောင်းဖျပေးနေပါစေ။ အချိန်က လိုတယ်။ ဒါကြောင့် သူငိုချင်လည်း ငို၊ ပြောချင်တာတွေရှိရင်လည်း နားထောင်ပေးကြတယ်” လို့ ဆိုပြီးတော့ ရုပ်ရှင် နှစ်(၁၀၀) ပြည့်အတွက် ရိုက်ကူးရေးမှာ ဖြေဆိုခဲ့တာပါ။  


Photo: Su Myat Noe

သရုပ်ဆောင် ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့ဟာ “ ကမ္ဘာကြီးပါ” ဆိုတဲ့ ဗီဒီယိုအတိုလေး တစ်ပုဒ် ရိုက်ကူးခဲ့ပါသေးတယ်။ ဆုမြတ်နိုးဦးအတွက် ဒီဗီဒီယိုလေး ရိုက်ပေးရင်း နှစ်သိမ့်ပေးခဲ့ တာလို့ ကျော်ကျော်က ပြောပါတယ်။ 

“ မြတ်နိုးလည်း သူ့ရဲ့ စိတ်ထဲမှာ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းနေရတဲ့ အချိန်တွေ ရှိခဲ့တယ်။ သူ့ စိတ်အပြောင်းအလဲလေး ဖြစ်အောင် ဗီဒီယိုလေးတွေ ပြန်ရိုက်ကြမယ်၊ ဟာသလေးတွေလည်း ရိုက်ကြမယ် ဆိုပြီးတော့ သူငယ်ချင်း သုံးယောက် ဆုံဖြစ်ခဲ့ကြတယ်။ “ကမ္ဘာကြီးပါ” ဆိုတဲ့ ဗီဒီယို ဖိုင်လေးက တကယ်တော့ ကိုကျော်ရိုက်ဖို့ လုပ်ထားတာ ဒါလေးက ကိုကျော်တို့ ငယ်ငယ်တုန်းက ဆော့တဲ့ ခို လိုက်တိုင်းဆော့သလိုပဲပေါ့။ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါကို ကြည့်လိုက်တော့ ဆုမြတ်နိုးဦးကိုလည်း ငါ ဒါရိုက်ချင်တယ်လို့ ပြောလို့မရဘူး။ သူ့ကို ရိုက်မယ့် ပုံစံလေး ပြောပြပြီးတော့ သူ လက်ခံမှ ရိုက်တာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Kyaw Kyaw

ကျော်ကျော်ကိုတော့ ဗီဒီယိုဇာတ်ကား၊ တီဗီကြော်ငြာ နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျော်ကျော်၊ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးတို့ သုံးယောက်ပေါင်းပြီး ‘’ပရမ်းပတာ Bff’’ ဆိုပြီးတော့ Facebook Page လေးထောင်ပြီး သူတို့ သုံးယောက်ရဲ့ လှုပ်ရှားမှုတွေတိုင်းကို ပရိသတ်တွေဆီ ဝေမျှလေ့ရှိနေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က