Huawei ရဲ့ အရည်အသွေးမြင့်ထုတ်ကုန်တွေထဲက တစ်ခုဖြစ်တဲ့ HUAWEI MatePad အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ HUAWEI MatePad ကို ပညာရေးသင်ထောက်ကူအနေနဲ့သာမက Entertainment အပိုင်းတွေမှာပါ အသုံးဝင်မယ့် Product ဖြစ်တယ်လို့သိရပါတယ်။HUAWEI MatePad Pro ဟာ 2019 ခုနှစ် အချိန်တုန်းက Creativity အတွက် အသားပေး ထုတ်လုပ်ခဲ့ တက်ဘလက်ဖြစ်ခဲ့သလို အခု MatePad အသစ်ဟာ Online ၊ Offline သင်ကြားမှုအတွက်ပါ အကောင်းဆုံး Experience ရအောင်ဖန်တီးထားတဲ့ ထုတ်ကုန်တစ်ခုဖြစ်တယ်လို့သိရပါတယ်။
MatePad တက်ဘလက်ကို သုံးစွဲသူ အလိုကျ ဖြစ်စေမယ့် နည်းပညာနဲ့ ဖန်တီးထားပြီး ဈေးကွက်အတွင်းမှာ စံပြထုတ်ကုန် ဖြစ်နေစေဖို့ HUAWEI ရဲ့ Leading Technology တွေနဲ့ ဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်။MatePad မှာ HUAWEI FullView Display ၊ အားရစရာကောင်းမယ့် User Experience ၊ တုံ့ပြန်အားကောင်းတဲ့ အထိတွေ့အပြင် Powerful Tablet DNA အမွေဆက်ခံမယ့် အမျိုးအစားဖြစ်တယ်လို့လည်းသိရပါတယ်။ဒီတက်ဘလက် အသစ်မှာ သင်ထောက်ကူအဖြစ် ပါဝင်လာတာကတော့ HUAWEI M-pencil, Kids Corner, Eye Protection နဲ့ တခြားသော Features သစ်တွေပါ။ဇိုင်းပိုင်းမှာတော့ “Less is More” ဆိုတဲ့ Minimalist ပုံစံ ပုံဖော်ထားပြီးUnibodyဒီဇိုင်းနဲ့ဖွဲ့စည်းထားတာတယ်လို့သိရပါတယ်။ဒါ့အပြင် တက်ဘလက် ဆိုတဲ့ သုံးစရာ ပစ္စည်း Tool အဖြစ်သာမက Companion ပုံစံ Mate အသုံးနှုန်းနဲ့ လိုက်ဖက်အောင် အထောက်အပံ့ပေးနိုင်ပါသေးတယ်။
ဒီဇိုင်းပိုင်း အမွေခံထားတယ်ဆိုတဲ့ အတိုင်း MatePad ကို 7.9mm အရွယ်စားရှိ Bezels တွေနဲ့ 10.4” HD Tablet တစ်လုံးဖြစ်ပြီး Display ပိုင်းမှာတော့ 10.4” Display, 2,000 x 1,200 Resolutionနဲ့ HUAWEI FullView ကို အသုံးပြုပေးထားပြီး 84% Screen-to-body Ratio ပိုင်ဆိုင်ထားပါတယ်။ကာလအရောင်တွေကို မှန်ကန်လုနီးပါး ဖော်ပြပေးနိုင်တဲ့ HUAWEI ClariVu Display Enhancement လုပ်ဆောင်ချက်နဲ့ အားဖြည့်ထားတာကြောင့်လည်း Viewing Experience အားရစရာဖြစ်ဦးမှာပါ။ TUV Rheinland Certified ဖြစ်ထားတဲ့ Display ကို အသုံးပြုထားတာကြောင့် Screen ကထွက်တဲ့ Bluelight ကို အလိုအလျောက်ကာကွယ်ပေးမှာ ဖြစ်ပြီး Screen ကို တာရှည်ကြည့်ရှုခြင်းမှ မျက်လုံးညောင်း ၊ နာကျင်ခံစားတာမျိုးတွေ ခံစားရ သက်သာစေမှာဖြစ်ပါတယ်။ Display အပြင် နောက်ထပ် ထူးခြားချက်က ရုပ်ရှင်ကြည့် ၊ ဂိမ်းကစားတဲ့အခါမျိုးမှာ ပေါက်ကွဲသံ ၊ ကားအင်ဂျင်သံတွေကို ကြည်ကြည်လင်လင် နားဆင်နိုင်ပြီး 10.4” Screen က 224ppi ထောက်ပံ့တဲ့အတွက် Visual အပိုင်းမှာရော Immersive ဖြစ်စေတယ်လို့ ဆိုရဦးမှာပါ။
စွမ်းဆောင်ရည်ပိုင်းအတွက်ကိုတော့ Kirin 810 AI Chipset ပါရှိပြီး အဲဒီ Chipset ဟာ Dual-core NPU (Neural Processing Unit) ၊ 2.27GHz မြန်နှုန်းရှိ Octa-core CPU နဲ့ Mali-G52 GPU အသီးသီးနဲ့ ထုတ်လုပ်ထားတာပါ။Multi-tasking အနေနဲ့ Office Setting ၊ 3D Graphics နဲ့ Medium Workloads အနေထားကို ကောင်းမွန်စွာ အသုံးပြုနိုင်မှာဖြစ်ပြီး အခုလို စွမ်းဆောင်ပေးနိုင်ဖို့ကိုတော့ Da Vinci NPU က A.I ပိုင်း လုပ်ဆောင်ချက်တွေအတွက် တာဝန်ယူဖန်တီးပေးထားတာဖြစ်ပါတယ်။MatePad မှာ 7,250mAh (Typical) Battery ထည့်သွင်းထားပြီး ပါဝါသုံးစွဲမှု နည်းပါးတဲ့ Kirin 810 SoC ကို စွမ်းအင်သုံးစွဲမှုကို ချွေတာပေးနိုင်တဲ့ EMUI ရဲ့ A.I အင်ဂျင်နဲ့ Power Saving Technology တွေ ပါလာပါတယ်။Battery ကို 100% Full Charge သွင်းဖို့အတွက်တော့ 3.8hrs နီးပါး ကြာမြင့်မှာဖြစ်ပြီး အင်တာနက် Browsing လုပ်တာ 12hrs ၊ 1,080p ဗီဒီယို ကြည့်ရှုတာတွေအတွက် 7hrs နဲ့ 3D Application အသုံးပြုမှုနဲ့ ဂိမ်းကစားခြင်းတွေမှာ Battery Life တာရှည်ခံနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။HUAWEI MatePad မှာ Noise-cancelling Microphone နဲ့ Motion Detection Support အစရှိတဲ့ Feature တွေပါဝင်လို့ e-Learning Experience ပိုကောင်းအောင် ထောက်ပံ့ပေးနိုင်ပါတယ်။ MatePad မှာ M-Pencil နဲ့ Smart Keyboard ထောက်ပံ့ထားတဲ့အတွက် သုံးစွဲသူတွေကို စာအုပ် ၊ ခဲတံ တစ်စုံတစ်ခုမှ သုံးစွဲစရာ မလိုဘဲ မှတ်စုတစ်ခု အနေနဲ့ ရေးမှတ်နိုင်ပါတယ်။ ဒိအတွက် Nebo ဆိုတဲ့ HUAWEI App နဲ့ အားဖြည့်ထားပြီး Handwriting Feature ကို ပိုပြီး လွယ်ကူစွာ သုံးစွဲစေနိုင်မှာပါ။
Assignment နဲ့ တခြားသော လုပ်ဆောင်မှုမျိုးအတွက် Typing များများ အသုံးပြုတာရတာဖြစ်လို့ အဆင်ပြေပြေ သုံးစွဲနိုင်အောင် HUAWEI Memo App အပြင် Smart Physical Keyboard က အထောက်ကူပေးဦးမှာ ဖြစ်ပြီး User တွေကို ကွန်ပျူတာတစ်လုံးလို သုံးစွဲလို့ ရစေမယ်၊ ဒါ့အပြင် e-Learning အတွက်လည်း Effective ဖြစ်စေဦးမှာပါ။ကျောင်းသူ၊ကျောင်းသားတွေအတွက် အထူးသင့်တော်မယ့် တက်ဘလက်အမျိုးအစားလည်းဖြစ်ပါတယ်။ App တွေကို တချိန်ထဲမှာ နှစ်ခုဖွင့်သုံးနိုင်တဲ့ Feature ပါရှိမှာဖြစ်ပြီး Academic Apps ၊ Productivity Apps နဲ့ e-commerce Apps တွေကို သုံးစွဲနိုင်မှာပါ။ သုံးစွဲသူတွေကို ပြီးပြည့်စုံတဲ့ Smart Experience ပေးစွမ်းနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ သင်ကြားမှုစနစ် ၊ Multi-media နဲ့ Remote Working Experience ပိုင်းတွေမှာပါ လုံလောက်တဲ့ စွမ်းဆောင်ရည်နဲ့ ထောက်ပံ့ထားကြောင့် MatePad ကို သုံးစွဲမယ့်သူတွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ Digital Life ကို တွေ့ကြုံခံစားနိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် MatePad မှာHuawei Mobile Service (HMS) စနစ်ပါဝင်ပြီးတော့ Huaweiဖုန်းနှင့် Tabletအသုံးပြုသူတွေအနေနဲ့ မြန်မြန်ဆန်ဆန် Application တွေကို ရှာဖွေဒေါင်းလုတ်ဒ်ရယူနိုင်မယ့် Petal Search Widget – Find Apps ဝန်ဆောင်မှုကိုသုံးစွဲနိုင်ဦးမှာလည်း ဖြစ်ပါတယ်။ပြီးတော့ Huawei App Gallery ကနေ “SGShop” ဆိုတဲ့ Application ကို download လုပ်ပြီး သုံးစွဲသူတွေအတွက် အခမဲ့ “Service Fee” ရရှိမယ့်အစီအစဉ်လည်းရှိတယ်လို့ သိရပါတယ်။ Huawei App Gallery ကနေ down ထားတဲ့ SGShop application ထဲက Promo code နေရာမှာ “HUAWEIAG” လို့ရိုက်လိုက်ရုံနဲ့ “Service Fee” ပေးစရာမလိုပဲ ပစ္စည်းတွေကိုမှာယူနိုင်မှာပဲဖြစ်ပါတယ်။ဒီ အထူး အစီအစဉ်ကိုတော့ သြဂုတ်လ ၁၀ရက်နေ့ မှ စက်တင်ဘာလ ၉ရက်နေ့ထိ သုံးစွဲနိုင်မှာပါ။
အခုပြောပြခဲ့တဲ့ Feature ကောင်းကောင်းတွေပါဝင်ပြီး သင်ထောက်ကူပစ္စည်းအနေနဲ့ပါ အသုံးပြုနိုင်မယ့် HUAWEI MatePad, M-Pencil နဲ့ Huawei Keyboard အပါအဝင်ကို ငွေကျပ် ၅၉၉,၀၀၀ ကျပ် နဲ့ ဝယ်ယူရရှိနိုင်မှ ဖြစ်ပြီး အရောင်ကတော့ Dazzling Midnight Grey ဖြစ်ပါတယ်။