မြန်မာငွေ သိန်း ၃၀ ခန့်ဈေးနဲ့ရောင်းချသွားမှာပါ

     ဈေးကွက်ထဲ ဝင်ဖို့နှစ်တော်တော်ကြာမြင့်ခဲ့ရတဲ့ Samsung ရဲ့ display ကို ခေါက်သိမ်းထားနိုင်တဲ့ စမတ်ဖုန်းကို တရားဝင်မြင်တွေ့ရပြီ ဖြစ်ပါတယ်။

         Galaxy Fold လို့နာမည်ပေးထားတဲ့ ဒီဖုန်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က Samsung Galaxy S10 ၊ S10e နဲ့S10 Plus တို့နဲ့အတူ ကြေညာခဲ့တာ ဖြစ်ပါတယ်။ Infinity Flex လို့ခေါ်တဲ့ Samsung ရဲ့ foldable display နည်းပညာ ပါတဲ့ ဒီဖုန်းဟာ အရင်သတင်းတွေအတိုင်း ကြားသိခဲ့တာ မှန်ခဲ့ပါတယ်။



         တက်ဘလက်တစ်လုံးလို display တစ်ခုလုံး ဖြန့်ထားချိန်မှာ မျက်နှာပြင် ၇.၃ လက်မရှိပြီး ခေါက်သိမ်းထားချိန်မှာ ၄.၆ လက်မ screen size နဲ့လာတဲ့ ဒီဖုန်းဟာ စမတ်ဖုန်းဈေးကွက်ထဲ ဒုတိယမြောက် ရောက်ရှိလာတဲ့ foldable phone လည်း ဖြစ်ပါတယ်။ Galaxy Folde ဟာ Samsung ရဲ့ မှတ်တိုင်တစ်ခုလို့ပြောနိုင်တဲ့ ဖုန်းပါ။



         ဖုန်း display တွေ အဖွင့်အပိတ်လုပ်ဖို့အတွက် Samsung ဟာ ဆွဲဆန့်နိုင်တဲ့ အလွန်တရာပါးလွှာတဲ့ ပိုလီမာပလတ်စတစ်တစ်မျိုးကို သုံးထားတာကြောင့် ဖုန်းကို အကြိမ်ပေါင်း သိန်းနဲ့ချီ ဖွင့်တာ ပိတ်နိုင်စေမယ်လို့ဆိုပါတယ်။ Infintiy Flex Display ဟာ မိုဘိုင်း display လောကမှာ အပါးလွှာဆုံး display ဖြစ်ပြီး display ခေါက်တာ ဖွင့်တာအတွက် ကိုယ်ထည်ထဲမှာ ဝှက်ထားတဲ့ ဂီယာတွေနဲ့ ပတ္တာတစ်မျိုး ပါလာပါတယ်။

Photo: CNET

         Qualcomm ရဲ့ နောက်ဆုံးပေါ် 7nm octa-core Snapdragon 855 processor ၊ RAM 12GB အပြင် ဘက်ထရီ ၂ လုံးခွဲပြီး ထည့်သွင်းထားတာပါ။ ခေါက်ထားချိန်မှာ တစ်ခုချင်းစီရှိနေတဲ့ ဒီဘက်ထရီနှစ်မျိုးပေါင်းရဲ့ပါဝါက 4380 mAh ဖြစ်ပါတယ်။ ကင်မရာစနစ်မှာ Galaxy Fold ဟာ စုစုပေါင်း ကင်မရာ ၆ လုံးနဲ့လာတဲ့ ဖုန်းပါ။

         ကျောဘက်မှာ 16MP ultra-wide ကင်မရာ ၊ 12MP wide-angle ကင်မရာနဲ့12MP telephoto ကင်မရာ သုံးလုံးတွဲဟာ တက်ဘလက်လို သုံးချိန်မှာရော ဖုန်းအနေနဲ့သုံးချိန်မှာပါ တွေ့ရမယ့် ကင်မရာ စနစ် ဖြစ်ပါတယ်။ ရှေ့ဘက်မှာ ကင်မရာတစ်လုံး အတွင်းဘက် ခေါက်ထားချိန်မှာ ကင်မရာ ၂ လုံး ပါဝင်လာပါတယ်။

         LTE အပြင် 5G ဗားရှင်းနဲ့ပါ ထွက်ထားတဲ့ Galaxy Fold ဟာ Samsung ဖုန်းသစ်တွေထဲမှာ ဈေးအကြီးဆုံးဖုန်းဖြစ်ပြီး ဒေါ်လာ ၁၉၈၀ (မြန်မာငွေ သိန်း ၃၀ နီးပါး) ဈေးနဲ့လာမယ့် ဧပြီ ၂၆ ရက်နေ့မှာ အမေရိကန်ဈေးကွက်ထဲ စတင်ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က