Motorola ရဲ့ အမိုက်စားဖုန်းသစ်တွေ ထွက်ရှိ

Snapdragon 8 Gen 1 Chipset သစ်ကို ပထမဆုံးသုံးလာတဲ့ Motorola Flagship ဖုန်း ထွက်လာပြီ ဖြစ်ပါတယ်။ 

Qualcomm ရဲ့ High-End Processor ကြေညာပြီး တစ်ပတ်ကျော်အကြာမှာ Motorola က ဒီ Processor သုံးထားတဲ့ Motorola X30 ထုတ်ကုန်ကို ကြေညာလိုက်တာပါ။ Motorola Edge X30 မှာ SE ဗားရှင်းတစ်ခုပါ ပါဝင်လာပြီး Motorola X30 SE မှာ ထူးထူးခြားခြား မှန်ပြင်အောက်ကင်မရာနည်းပညာ သုံးလာတာ တွေ့ရပါတယ်။ ရိုးရိုးပုံမှန် Motorola Edge X30 တွေကတော့ Punch-Hole ကင်မရာပေါက်နဲ့ပဲ ထွက်လာတာပါ။



Photo: gagadget


Motorola Edge X30 နဲ့ Edge X30 SE အကြားမှာ ရှေ့ကင်မရာထားတဲ့ပုံစံ မတူတာကလွဲပြီး ကျန်တဲ့အချက်တွေက အတူတူပဲလို့ ဆိုနိုင်ပါတယ်။ မျက်နှာပြင်ဆိုဒ် ၆.၇ လက်မ OLED Panel နဲ့လာပြီး FHD+ Resolution ပါရှိတာ ၊ 144Hz Refresh Rate နဲ့ 576Mhz Touch Sampling Rate သုံးလာတာက Flagship ဖုန်းတစ်လုံးရဲ့ ထင်ရှားတဲ့လက္ခဏာထဲက တစ်ခုဖြစ်ပါတယ်။ ထူးခြားတာက 1/2.8 inch sensor နဲ့ 1.2μm pixels ပါ အကြီးစား 60MP Selfie ကင်မရာ သုံးလာတာပါပဲ။

ကျောဘက်မှာ ထောင်လိုက်ကင်မရာသုံးလုံးတန်းနဲ့ အကြီးစား OIS ပါ 50MP main sensor ၊ 50MP Ultra-Wide Lens နဲ့ 2MP Depth Sensor တို့ ပါရှိပါတယ်။ Motorola Edge X30 ကင်မရာဟာ 8K Video တွေ ရိုက်ကူးနိုင်မယ်လို့လည်း ဆိုပါတယ်။ ဘက်ထရီပါဝါ 5000mAh ဟာ 68W Fast Charging အထောက်အပံ့ပေးထားပြီး ဆောဖ့်ဝဲလ်ပိုင်းမှာ နောက်ဆုံးထွက် Android 12 နဲ့ ထွက်လာပါတယ်။ 

Photo: GSMArena


Motorola Edge X30 မှာ သုံးထားတဲ့ Snapdragon 8 Gen 1 ဟာ CPU စွမ်းဆောင်ရည်ဘက်မှာ Snapdragon 888+ chipset ထက် ၂၀% ၊ GPU Scores ၃၀% ၊ AI Task ပိုင်း တိုးတက်မှု ၄၀၀% အထိ ပိုကောင်းမွန်လာမယ်လို့ ဆိုပါတယ်။ AnTuTu Score မှာ Motorola ဟာ ဒီနေ့အချိန်အထိ အမြင့်ဆုံး benchmark Score ဖြစ်တဲ့ 1061361 မှတ် ရထားပါတယ်။ ဒေတာ Transfer မြန်နှုန်းပိုသွက်လာတဲ့ LPDDR5 RAM နဲ့ UFS 3.1 Storage ပါရှိပါတယ်။

RAM 8/128GB storage ဗားရှင်းကို ၃၁၉၉ ယွမ် (မြန်မာငွေ ၉ သိန်းကျော်) ၊ 8/256GB ဗားရှင်းကို ၃၃၉၉ ယွမ် (မြန်မာငွေ ၉ သိန်းခွဲကျော်) နဲ့ 12/256GB ကို ၃၅၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းကျော်) ဈေးနဲ့ ရောင်းချဖို့ သတ်မှတ်ထားပါတယ်။ မှန်ပြင်အောက်ကင်မရာနဲ့လာတဲ့ Special Edition ကတော့ ယွမ် ၄၀၀၀ (မြန်မာငွေ ၁၂ သိန်းခန့် ) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က