ဒီနေ့မှာ ကစားသွားမှာ ဖြစ်ပါတယ်။

မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ကလည်း ပွဲကစားချိန်အတွင်းမှာ အသေးစားဒဏ်ရာတွေရရှိခဲ့ပြီး ကြံ့ခိုင်မှုပြသနာနဲ့ ရင်ဆိုင်နေရလို့ ဒီနေ့ကစားရမယ့်ပွဲအတွက် မသေမချာဖြစ်နေတာဖြစ်ပါတယ်။


ဘုန်းမောက်နဲ့ကစားရမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ ယူနိုက်တက်အသင်းရဲ့ အဓိကကစားသမား ၃ဦး ပါဝင်ဖို့ မသေမချာဖြစ်နေတယ်လို့ နည်းပြဆိုးလ်ရှားက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးကို အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်အပြီးမှာ ရက်ရှ်ဖို့ဒ်က ဒူးဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။

မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ကလည်း ပွဲကစားချိန်အတွင်းမှာ အသေးစားဒဏ်ရာတွေရရှိခဲ့ပြီး ကြံ့ခိုင်မှုပြသနာနဲ့ ရင်ဆိုင်နေရလို့ ဒီနေ့ကစားရမယ့်ပွဲအတွက် မသေမချာဖြစ်နေတာဖြစ်ပါတယ်။ ယူနိုက်တက်မှာ ပေါ့ဂ်ဘာ၊ လုခ်ရှော၊ မာတစ်၊ တွန်ဇီဘီတို့ ဒဏ်ရာကြောင့် မကစားပေးနိုင်ချိန်မှာ အဓိကကစားသမား၃ဦးကို ထပ်မံလက်လွှတ်ရမယ့်အနေအထားနဲ့ ယူနိုက်တက်က ရင်ဆိုင်နေတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

"ဘုန်းမောက်နဲ့ပွဲမှာ သူတို့ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်ပါတယ်၊ မနေ့က သူတို့တွေ ကုသမှုတချို့ခံယူခဲ့ရပါတယ်၊ ဒီနေ့မှာ နောက်ထပ်နည်းနည်းကုသခံရဦးမှာဖြစ်ပြီး အပေါ့စားလေ့ကျင့်ခန်းပဲ ဆင်းနိုင်မှာပါ၊ ဒါပေမယ့် အတိအကျတော့ ကျွန်တော်မပြောနိုင်သေးပါဘူး" လို့ ဆိုးလ်ရှားက အဆိုပါကစားသမား ၃ဦးနဲ့ ပတ်သက်ပြိး ပြောဆိုသွားခဲ့ပါတယ်။

တွန်ဇီဘီ၊ မာတစ်၊ ပေါ့ဂ်ဘာနဲ့ လုခ်ရှောတို့ကတော့ သေချာပေါက်လွဲချော်ဦးမယ်လို့ ဆိုးလ်ရှားက အတည်ပြုခဲ့ပါတယ်။ "သူတို့ ဘုန်းမောက်နဲ့ပွဲအတွက် အသင့်မဖြစ်သေးပါဘူး၊ ဒါက ကျွန်တော်သိထားတဲ့နောက်ဆုံးအခြေအနေပါ၊ နိုင်ငံတကာပွဲတွေအပြီးမှာတော့ သူတို့ပြန်ကစားနိုင်ဖွယ်ရှိပါတယ်၊ သူတို့ကို အစောကြီးပြန်ကစားခိုင်းတာက စွန့်စားရာကျပါတယ်၊ ဒါပေမယ့် နိုင်ငံတကာပွဲတွေအပြီးမှာတော့ အသင့်ဖြစ်နေသင့်ပါပြီ" လို့ ဆိုးလ်ရှားက ထပ်ပြောခဲ့ပါတယ်။

Share

က္က