ကျောင်းတက်နေရင်းနဲ့တောင် ရတဲ့အချိန်မှာ သားလေးနဲ့စကားပြောဖြစ်တယ်တဲ့။

ယွန်းဝတီလွင်မိုး က ရန်ကုန်ကို အလည်ပြန်လာတဲ့အချိန်မှာ သားလေးကို အမြဲတမ်း အချိန်ပြည့်ပေးတယ်လို့ ဆိုပါတယ်။ သူမဟာ ကျောင်းပြီးတဲ့အချိန်မှာတော့ ကိုယ်ပိုင်စီးပွားရေးလုပ်မယ်လို့ပြောပါတယ်။

Photo: Yun Waddy Lwin Moe



ပရိသတ်တွေရဲ့ အချစ်တော်မလေး ယွန်းဝတီလွင်မိုးက ကျောင်းစာမေးပွဲပြီးလို့ မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေပါတယ်။ သူမက သားလေး Liam လေးတစ်ယောက် စကားပြောနေပြီလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ သားလေးက ဖေဖေ မေမေလို့များ စကားပြောမလားလို့စောင့်နေတာ အခုကျတော့ သူ့ဘာသာသူ ခေါ်တာ သဲသဲတဲ့။ စကားပြောတတ်နေပါပြီ။ ဖုန်းထဲမှာလည်း သားလေးရဲ့ ပုံတွေနဲ့ ပြည့်နေလို့ ပုံ ၆၀၀၀ လည်း ကျော်သွားပါပြီ။ အချိန်ကလည်း နည်းနည်းကွာတော့ သားလေး အိပ်ချိန်နဲ့ဘာနဲ့ ပြီးတော့ သမီးကလည်း ကျောင်းတက်ရသေးတယ်ဆိုတော့ အားတဲ့အချိန်လေးတွေမှာ Face Time လေးတွေတော့ လုပ်ဖြစ်ပါတယ်’’လို့ သူကပြောပါတယ်။

Photo: Yun Waddy Lwin Moe

သရုပ်ဆောင် ယွန်းဝတီလွင်မိုးနဲ့ ခင်ပွန်းဖြစ်သူ ထက်ဦးလှိုင်တို့ဟာ သြစတေးလျနိုင်ငံ မဲဘုန်းမြို့မှာ နေထိုင်တာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ ကျောင်းတက်ရင်း အလုပ်လည်း လုပ်နေကြတာပါ။ ဒါကြောင့်လည်း သားလေးကို အားတဲ့အချိန်တွေမှာ အလွမ်းသယ်ဖြစ်တယ်လို့ ဆိုပါတယ်။

‘’ဇူလိုင်လကုန်အထိ နေပါမယ်။ သားလေးက ကိုယ့်သားဆိုတော့ လွမ်းတာပေါ့နော်။ ဒါပေမယ့် Face Time လေးဘာလေး လုပ်ဖြစ်တယ်။ အခု ရန်ကုန်မှာရှိတုန်းတော့ ရသမျှအချိန်ကို သားလေးကို ပေးနေပါတယ်။ သူက အဘိုးနဲ့ အဘွားတို့ရဲ့ အသဲပါ။ ညတိုင်း အဘိုးနဲ့ အဘွားတို့ က ချော့သိပ်ရတယ်’’ လို့ ဇွန်လ ၃၀ ရက်နေ့က Hearty Heart Beauty Talk ပွဲကိုတက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Yun Waddy Lwin Moe

လက်ရှိမှာတော့ ယွန်းဝတီလွင်မိုးဟာ ဖခင်ဖြစ်သူရဲ့ ဆုံးမသွန်သင်မှုကြောင့် ပညာကို ဆုံးခန်းတိုင်အောင် သင်ကြားသွားမယ်လို့ ပြောပါတယ်။ ကျောင်းပြီးတဲ့ အချိန်မှာတော့ ကိုယ်ပိုင် စီးပွားရေး လုပ်မယ်လို့ ဆိုပါတယ်။

‘’အခုကတည်းက မိသားစုအတွက် အလုပ်လုပ်တယ်၊ ပိုက်ဆံရှာတယ်။ နောက်ဆိုရင်လည်း ကိုယ့်ကုမ္ပဏီ ကိုယ်ထောင်ပါ့မယ်။ ကိုယ့် Brand နဲ့ ကိုယ့် ကုမ္ပဏီထောင်မှာပေါ့နော်။ အခုချိန်မှာ သားလေးက ၁၁ လတောင် မပြည့်သေးဘူးဆိုတော့ ဖေဖေပြောသလိုပဲ သမီးက ဒီအရွယ်မှာ ပညာရှာရမယ့် အရွယ် ပညာရေးကို ပြီးအောင်သင်ယူမယ်။ ပြီးရင် သားလေးနဲ့ တစ်ဘဝလုံး အတူတူရှိနေရမှာ’’ လို့ သူကဆိုပါတယ်။

Photo: May Thu

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်ခဲ့တဲ့ သရုပ်ဆောင်ယွန်းဝတီလွင်မိုး ဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Share

က္က