အသင့်စားလို့ရတဲ့ သွားရည်စာတွေဆိုတာ အဆီကျလှပဖို့တင်မကဘဲ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှုကိုပါ တကယ်ဒုက္ခပေးနိုင်တဲ့အန္တရာယ်တွေပါ။ ဒါပေမဲ့ သွားရည်စာတွေကိုမစားတော့ဘူးလို့ ဆုံးဖြတ်လိုက်ရုံနဲ့ အဲဒီလိုအစားအစာတွေကိုရှောင်နိုင်ဖို့ဆိုတာကတော့ ခက်ခဲပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ဦးနှောက်ကသွားရည်စာ တွေကို တကယ်မုန်းသွားပြီး မစားဖြစ်တော့စေမယ့် လျှို့ဝှက်ချက် ၅ ချက်ကို ပြောပြပေးပါရစေ။


ကိုယ်တကယ်လိုချင်တာကိုကိုယ်သိပါ

Photo: theculturetrip

ဘာလို့သွားရည်စာတွေစားဖြစ်နေတာလဲ။ ဒါကိုယ့်ကိုယ်ကိုယ်ပထမဆုံးမေးရမယ့်မေးခွန်းပါ။ အသင့်စားသွားရည်စာတစ်ခုကို စားချင်လာတဲ့အချိန်မှာ ငါတကယ်လိုချင်နေတာဒါဟုတ်ရဲ့လား ဆိုတာ ကိုယ့်ဘာသာမေးခွန်းထုတ်ကြည့်ပါ။ အဲဒီလိုမေးခွန်းထုတ်ကြည့်လိုက်ရင် ကိုယ်လိုချင်နေတာက ကိုယ်စားမယ့် သွားရည်စာမဟုတ်ဘဲ အချိုအရသာ၊ ဒါမှမဟုတ် တခြားအရသာတစ်မျိုးမျိုးကိုလိုချင်နေတယ်ဆိုတာ သိလာနိုင်ပါတယ်။ ဒါဆိုရင် ကိုယ်စားမယ့်သွားရည်စာအစား အဲဒီအရသာရနိုင်မယ့် တခြားအသီးတစ်မျိုးမျိုး ဒါမှမဟုတ် သဘာဝထွက်ပစ္စည်းတစ်မျိုးမျိုးကို အစားထိုးလို့ရတယ်ဆိုတာ သိလာပါလိမ့်မယ်။


ဂိမ်းတစ်ခု ဖန်တီးပါ

Photo: eslprintable

လူဆိုတာ ဂိမ်းတွေကိုကြိုက်ပါတယ်။ ဂိမ်းတစ်ခုခုမှာ အနိုင်ရလိုက်တာမျိုးကို ပိုပြီးတောင် ကြိုက်ကြပါသေး တယ်။ ဒါကြောင့် အသင့်စားသွားရည်စာတစ်ခုခုစားချင်လာတာနဲ့ တခြားကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာ တစ်ခုခုကိုပြောင်းစားမယ်ဆိုတဲ့ ဂိမ်းမျိုးကို တစ်ပတ်၊ ဖြစ်နိုင်ရင် တစ်လ လောက်ကိုယ်တိုင်ဖန်တီးပြီး ကစားကြည့်ပါ။ သွားရည်စာစားချင်တဲ့အချိန်တိုင်း ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာပြောင်းစားတဲ့ ဂိမ်းကို level ဘယ်လောက်ထိရောက်အောင်ကစားနိုင်မလဲဆိုတာ ကိုယ့်ဘာသာကိုယ်စိန်ခေါ်ကြည့်ပါ။


သွားရည်စာတွေကို ကိုယ်နဲ့ဝေးဝေးမှာထားပါ

Photo: helathyfimy

စားစာရာတွေဆိုတာကိုယ့်ဆီကို အလိုလိုခြေထောက်ပေါက်ပြီး ရောက်လာတတ်တာမျိုးတွေမဟုတ်ပါဘူး။ အသင့်စားသွားရည်စာတွေပဲဖြစ်ဖြစ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေပဲဖြစ်ဖြစ် ဝယ်စားမှ စားလို့ရတာပါ။ အဲဒါကြောင့် ကိုယ့်အနီးအနားမှာ သွားရည်စာတွေမရှိနေအောင် ကိုယ်တိုင်ရော၊ ကိုယ်နဲ့အတူနေတဲ့သူတွေကိုပါ သွားရည်စာတွေ အိမ်မှာ ဝယ်မထားမိစေဖို့ ကြိုးစားပါ။

 

 ကြာကြာဝါးစားပါ

healthymummy

တစ်ခုခုစားတဲ့အခါ ကြာကြာဝါးပေးရင် နည်းနည်းပဲစားဖြစ်တော့ပါတယ်တဲ့။ ဒါက ရမ်းသမ်းပြောတဲ့ ကောက်ချက်မျိုးမဟုတ်ပါဘူး။ သိပ္ပံနည်းကျလေ့လာတွေ့ရှိချက်တစ်ခုပါ။ ဒါကြောင့် သွားရည်စာတွေပဲ ဖြစ်ဖြစ်၊ တခြားစားစရာတစ်ခုပဲဖြစ်ဖြစ် စားတဲ့အခါ သတိထားပြီးကြာကြာလေးဝါးပေးမယ်ဆိုရင် စားတဲ့ပမာဏလည်း လျော့ကျသွားမှာ အသေအချာပါပဲ။


စားစရာတွေအကြောင်းများများလေ့လာပါ

Photo: thecompleteuniversityguide

ကိုယ်စားနေတဲ့ အစားအစာတွေမှာ ဘယ်လိုအာဟာရတွေ၊ ဘယ်လိုဓါတ်ပစ္စည်းတွေပါဝင်နေလဲဆိုတာ သိလာလေလေ၊ သွားရည်စာတွေကိုစားဖြစ်ဖို့နည်းလာလေလေပါပဲ။ ဘာလို့လဲဆိုတော့ သွားရည်စာတွေမှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ဓါတ်ပစ္စည်းတွေအများကြီးပါဝင်နေတာကို သိလာလို့ပါ။ ဒါကြောင့် စားစရာတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို အွန်လိုင်းမှာ၊ စာအုပ်ထဲမှာ များများလေ့လာပါ။ ဒါဆိုရင် ဦးနှောက်ကသွားရည်စာ တွေကို အလိုလိုမုန်းလာပါလိမ့်မယ်။

Ref: Motivationgrid

Share

က္က