ယာဉ်မတော်တဆမှု(၅၀၀)ကျော်ဖြစ်ပွားခဲ့ပါတယ်။

၂၀၁၉ခုနှစ်ဇန်နဝါရီလ (၁)ရက်နေ့မှ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ (၁၀၆)ဦးရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးကထုတ်ပြန်ထားပါတယ်။ 

တစ်နှစ်ပတ်လုံးမှာ ယာဉ်မတော်တဆမှုပေါင်း (၅၂၁)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၀၆)ဦး၊ ဒဏ်ရာရသူ (၁၀၁၄)ဦးရှိခဲ့ပြီး အရေးယူဆောင်ရွက်ထားမှုက လူ၊ ယာဉ်အားလုံးပေါင်း (၅၄၂)မှုရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဒီဇင်ဘာလ တစ်လအတွင်းမှာကို ယာဉ်တိုက်မှု(၃၂)မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၇)ဦးရှိကာ ဒဏ်ရာရသူ(၅၄)ဦးရှိခဲ့ပါတယ်။

photo-အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

“ မနှစ်ကနဲ့ ယှဉ်ရင် ဒီနှစ်က ယာဉ်မတော်တဆမှုပိုများတယ်ပြောရမယ်။ ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုတွေမှာလည်း အမြန်လမ်းဘေးမှာရှိတဲ့ရွာတွေက အမြန်လမ်းပေါ်ဆိုင်ကယ်စီးနှင်းတာတွေကြောင့် ခရီးသွားကားတွေနဲ့တိုက်မိတာတွေလည်းပါတော့ ဒါတွေကိုလည်းအသိပညာပေးတွေလုပ်သွားမယ်။ခရီးသွားကားတွေကိုလည်း တိုးဂိတ်တွေကနေတစ်ဆင့် အသိပညာပေးတွေလုပ်သွားမယ်” လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ ရဲမှူးဇာနည်မောင်က Duwun ကိုပြောပါတယ်။

မနှစ်ကနဲ့ယှဉ်မှာ ၂၀၁၉ခုနှစ်က ယာဉ်တိုက်မှုပေါင်း ပိုများခဲ့သလို သေဆုံးသူ(၃)ဦးလည်းပိုခဲ့ပါတယ်။ (၂၀၁၈)ခုနှစ်အတွင်း အမြန်လမ်းမှာ ယာဉ်မတော်တဆမှုပေါင်း (၄၇၃)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၀၃)ဦး၊ ဒဏ်ရာရသူ (၈၇၇)ဦးရှိခဲ့ပါတယ်။  

photo-အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို (၂၀၀၉)ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်းမိုင်ပေါင်းအရှည်က (၃၆၆)မိုင်ရှိပါတယ်။ အမြန်လမ်းမကြီးစတင်ဖွင့်လှစ်ခဲ့စဉ်ကတည်းက ခရီးသွားပြည်သူအများဟာ အများလမ်းမကြီးကို တစ်နေ့ကို ခရီးသွားပြည်သူ (၄၀၀၀)ကျော်လောက်အသုံး ပြုပြီး ပျမ်းမျှအားဖြင့်နေ့စဉ် ယာဉ်မတော်တဆမှုကြောင့် (၁၀)ဦးသေဆုံးလျှက်ရှိတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က