7000mAh ဘက်ထရီနဲ့ Dual Cameras တို့ သုံးထားပါတယ်

မြန်မာငွေ ၇ သိန်းဝန်းကျင်ဈေးတန်းနဲ့ ထွက်လာတဲ့ HTC တက်ဘလက်ကို တောင်အာဖရိကနဲ့ ရုရှားဈေးကွက်တွေမှာ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ 

HTC A101 တက်ဘလက်ဟာ ကျောဘက်နှလုံးတွဲကင်မရာ ၊ အကြီးစား ဘက်ထရီ ၊ Unisoc Chipset နဲ့ ၁၀ လက်မ Display တို့ ပါလာတဲ့ Mid-Range တက်ဘလက်ဖြစ်ပြီး သတ္ထုဘော်ဒီနဲ့ လာတာပါ။ Screen Size အနေနဲ့ ၁၀ လက်မရှိပြီး 1920x1200p LCD Display သုံးထားပါတယ်။ အပြင်ကီးဘုတ်နဲ့ တွဲသုံးနိုင်ဖို့ တက်ဘလက်ဘောင်မှာ pogo pins လေးတွေ တပ်ဆင်ထားပါတယ်။ 




Processor အနေနဲ့ HTC A101 ဟာ Unisoc T618 chipset ၊ RAM 8 GB နဲ့ လာပြီး built-in 128GB Storage ပါရှိပါတယ်။ Storage ထပ်မြှင့်ဖို့အတွက်လည်း microSD card slot တစ်ခု ထည့်ထားပါတယ်။ ကျောဘက် Panel ဟာ 16MP Main Sensor နဲ့ 2MP ကင်မရာအပြင် LED Flash တစ်ခုတို့ တပ်ဆင်ထားပြီး Bokeh Mode နဲ့ 1080p Video ရိုက်ကူးရေးဆိုင်ရာ features တွေ အထောက်အပံ့ပေးထားပါတယ်။ 

ရှေ့ဘက်မှာ 8MP Selfie ကင်မရာ ပါပြီး Beauty Mode ၊ 720p Video Recording နဲ့ AI Face Unlock လုပ်ဆောင်ချက်တို့ Support ပေးလာပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းအတွက် Android 11 OS နဲ့လာပြီး ဘက်ထရီပါဝါ 7000mAh ဟာ 10W Charging စနစ်နဲ့ အားသွင်းသွားမှာပါ။ ကာလာအနေနဲ့ မီးခိုးရောင်နဲ့ ငွေရောင်နှစ်မျိုးထဲကနေ ရွေးချယ်နိုင်ပြီး ရုရှားဈေးကွက်မှာ ရူဘယ် ၁၉၈၉၀၀ (မြန်မာငွေ ၇ သိန်းဝန်းကျင်) ဈေးနဲ့ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က