အလွတ်တည်ကန်ဘောစွမ်းရည်ကို ချီးကျူးခဲ့တာပါ။

ဆိုးလ်ရှားက သူ့ရဲ့ကစားသမားသစ်ခြေစွမ်းအတွက် ကျေနပ်နေပြီး မြင်တွေ့ဖူးခဲ့သမျှ တည်ကန်ဘောကန်သူတွေထဲက အကောင်းဆုံးတစ်ဦးဖြစ်တယ်လို့ ပွဲအပြီးမှာ အားပါးတရပြောဆိုသွားခဲ့ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက ချယ်လ်ဆီးနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ကို ချီးကျူးစကားပြောဆိုခဲ့ပြီး ပေါ်တူဂီကွင်းလယ်လူရဲ့ တည်ကန်ဘောတွေက ထိပ်တန်းအဆင့်မှာရှိတယ်လို့ ချီးမွမ်းသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ မက်ဂွီုင်းယားရဲ့ သွင်းဂိုးအတွက် ထောင့်ကန်ဘောကနေ ဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် ပွဲကစားချိန်အတွင်း ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောကို ကန်သွင်းယူခဲ့ရာမှာလည်း ဂိုးတိုင်ကိုထိထွက်ခဲ့လို့သာ ဂိုးမရခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားက သူ့ရဲ့ကစားသမားသစ်ခြေစွမ်းအတွက် ကျေနပ်နေပြီး မြင်တွေ့ဖူးခဲ့သမျှ တည်ကန်ဘောကန်သူတွေထဲက အကောင်းဆုံးတစ်ဦးဖြစ်တယ်လို့ ပွဲအပြီးမှာ အားပါးတရပြောဆိုသွားခဲ့ပါတယ်။ 

"သူက ထိပ်တန်းကစားသမားတစ်ဦးပါ၊ ဘောလုံးကိုလက်ခံရယူချင်သူဖြစ်ပါတယ်၊ ဒါပေမယ့် သူ့ရဲ့ တည်ကန်ဘောပေးပို့မှုတွေက ထိပ်တန်းအဆင့်မှာရှိပါတယ်၊ ကျွန်တော်တွေ့ခဲ့ဖူးသမျှထဲကအကောင်းဆုံးတစ်ဦးပါ၊ ပြီးတော့ ဟယ်ရီပေါ့၊ သူက ဘောလုံးနဲ့အတူ ဆွဲပြေးနိုင်ပြီးတော့ အန္တရာယ်ပေးနိုင်သူဆိုတာကို သိပြီးသားပါ၊ သူ ဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကွင်းလယ်ပိုင်းမှာ ဖရက်ဒ်နဲ့ တွဲဖက်ကစားခဲ့ပြီး ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ပိုင်းနေရာစုံမှာ လိုက်လံကစားပေးခဲ့ပြီး အသင်းဖော်တွေနဲ့လည်း နားလည်မှုရှိရှိကစားနိုင်ခဲ့ကာ အဝေးဘောပေးပို့မှုတွေလည်း ပြုလုပ်နိုင်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။ သူ့ရဲ့ ပေးပို့မှုတွေက ပြိုင်ဘက်အသင်းကို အန္တရာယ်ပေးနိုင်ခဲ့ပြီး သတိထားဖျက်ထုတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ 


Share

က္က