စပါးနဲ့သာ ကော်တင်ဟိုက အသင့်တော်ဆုံးလို့ ဆိုခဲ့ပါတယ်။

ဖာနန်ဒက်စ်ကို မခေါ်ယူခင်မှာ ကော်တင်ဟိုကို ခေါ်ယူခဲ့မယ်ဆိုရင် ကောင်းမွန်တဲ့ အပြောင်းအရွှေ့တစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပေမယ့် အခုအချိန်မှာတော့ မလိုတော့ဘူးလို့ ဖာဒီနန်က ပြောခဲ့တာဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားဟောင်းကြီး ရီယိုဖာဒီနန်က အသင်းအနေနဲ့ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူထားခဲ့ပြီးဖြစ်တာကြောင့် ကော်တင်ဟိုကို မလိုအပ်တော့ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ကို မခေါ်ယူခင်မှာ ကော်တင်ဟိုကို ခေါ်ယူခဲ့မယ်ဆိုရင် ကောင်းမွန်တဲ့ အပြောင်းအရွှေ့တစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပေမယ့် အခုအချိန်မှာတော့ မလိုတော့ဘူးလို့ ဖာဒီနန်က ပြောခဲ့တာဖြစ်ပါတယ်။ 

ကော်တင်ဟိုကတော့ လီဗာပူးလ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီးနောက် သူ့ရဲ့အကောင်းဆုံးပုံစံကို မပြသနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကို အငှားနဲ့သွားရောက်ကစားနေရပြီး ဘိုင်ယန်ကလည်း အပြီးသတ်ဝယ်ယူဖို့ဆန္ဒမရှိတာကြောင့် ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။

ဘာစီလိုနာကလည်း ကော်တင်ဟိုကို အပြီးသတ်ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ကမ်းလှမ်းလာမယ့်အသင်းတွေကို မျှော်လင့်နေတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး၊ စပါး၊ အာဆင်နယ်နဲ့ ယူနိုက်တက်တို့က သူ့ကိုစိတ်ဝင်စားနေပြီး ဖာဒီနန်ကတော့ စပါးက ကော်တင်ဟိုအတွက် အသင့်တော်ဆုံးဖြစ်မယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ 

"လီဗာပူးလ်မှာ ကော်တင်ဟိုက အံ့အားသင့်ဖွယ်ရာကစားသမားဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် သူ လီဗာပူးလ်က ထွက်ခွာခဲ့ပြီနောက် အဲဒီပုံစံကို မရတော့ပါဘူး၊ ဘာစီလိုနာမှာ သူ ရုန်းကန်ခဲ့ရပြီး အဲဒီမှာ အံဝင်ဖို့ ခက်ခဲနေခဲ့ပါတယ်၊ ဘိုင်ယန်မှာလည်း သူ အံ့အားသင့်ဖွယ်ရာမျိုးတွေကို မလုပ်ပြနိုင်ခဲ့ပါဘူး၊ သူက ကစားသမားကောင်း၊ အရည်အသွေးအများကြီးရှိတဲ့သူလို့ ကျွန်တော်ထင်ပါတယ်"

"ဒါပေမယ့် သူ့ကိုယ်သူကယ်တင်ဖို့ လိုတယ်လို့ ကျွန်တော်ယူဆပါတယ်၊ ပရီးမီးယားလိဂ်က သင့်တော်တဲ့အသင်းတစ်သင်းကို သူပြောင်းရွှေ့နိုင်မယ်ဆိုရင် သူ့အတွက်သူ ကယ်တင်နိုင်မှာပါ၊ ဖာနန်ဒက်စ်ကို မခေါ်ခင်တုန်းက သူ့ကို ခေါ်ယူဖို့ကျွန်တော်ပြောခဲ့ပါတယ်၊ အခုချိနမှာတော့ မဟုတ်တေ့ာပါဘူး၊ စပါးမှ သူမတိုးတက်နိုင်ဘူးလား၊ သေချာပေါက် သူ အဲဒီမှာ တိုးတက်လာနိုင်ပါတယ်၊ စပါးနဲ့ အာဆင်နယ်တို့က သူ့အတွက်သင့်တော်ပါတယ်" လို့ ဖာဒီနန်က ပြောဆိုခဲ့ကြောင်း Metro က ဖော်ပြသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က