ပျက်သွားတဲ့ Pixel 3 ဖုန်းကို ကုမ္ပဏီပြန်အပ်ပြီး ငွေပြန်အမ်းဖို့တောင်းဆိုတဲ့သူကို Google ဟာ ထူးခြားတဲ့ ဖောက်သည်ဝန်ဆောင်မှုတစ်ရပ် ပေးခဲ့ပါတယ်။
Photo: gadgetmatch
Reddit သုံးစွဲသူတစ်ဦး ဖြစ်တဲ့ Cheetoz ဆိုသူဟာ သူကိုင်နေတဲ့ အဖြူရောင် Pixel 3 ဖုန်း ပျက်သွားတာကြောင့် refund အဖြစ် ဒေါ်လာ ၁၀၀၀ ပြန်တောင်းခဲ့ပေမယ့် မူလရောင်းကုန်ပေါ် အခွန်အနေနဲ့ဒေါ်လာ ၈၀ ပဲ ပြန်ရခဲ့တယ်လို့ဆိုပါတယ်။ Google ဆီက သူရစရာ ကျန်တဲ့ ဒေါ်လာ ၉၀၀ ခန့်အစား သူပြန်ရတာက ပန်းရောင် Not Pink Pixel 3 ဆယ်လုံး ဖြစ်တယ်လို့Reditt မှာ Cheetoz က ရေးခဲ့ပါတယ်။
Cheetoz ကတော့ သူ့ဆီရောက်လာတဲ့ Not Pink ကာလာ Pixel 3 ဖုန်း ဆယ်လုံးကို ကုမ္ပဏီဆီ ပြန်အပ်ပြီး Not Pink Pixel 3 တစ်လုံးပဲ ပို့ပေးဖို့တောင်းဆိုခဲ့ပါတယ်။ သူ ပို့လိုက်တဲ့ မက်ဆေ့ထဲမှာ "Google ကျွန်တော့်မှာ ခင်ဗျားဖုန်းတွေ ရှိတယ်။ ခင်ဗျားဆီမှာ ကျွန်တော့်ပိုက်ဆံ ရှိတယ်။ အဲဒါ ရှင်းရအောင်" လို့ဖော်ပြထားပါတယ်။ သူ့အနေနဲ့Pixel 3 ဆယ်လုံး တစ်နည်းအားဖြင့် ဒေါ်လာ ၉၀၀၀ ကျော်တန် ပြန်ရတာ ဖြစ်ပေမယ့် မှန်မှန်ကန်ကန်ပဲ လုပ်ချင်တယ်လို့ဆိုပါတယ်။
တကယ်လို့ဒီ ဒေါ်လာ ၉၀၀၀ တန် ဖုန်းတွေကို ကုမ္ပဏီက လက်မခံဘူးဆိုရင် Cheetozအနေနဲ့ ဒီဖုန်းတွေကို ရောင်းပြီး Google ဘက်က မပေးတဲ့ refund ငွေအဖြစ် ယူမယ်လို့လည်း 9to5Google မှာ ဖော်ပြထားပါတယ်။ Google ကတော့ သူ့ရဲ့ Reddit post အောက်မှာ private မက်ဆေ့ပို့ပြီး စကားပြောဖို့တောင်းဆိုထားပါတယ်။
Google ရဲ့ တတိယမျိုးဆက် Pixel ဖုန်းတွေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး Pixel 3 series တွေဟာ ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်းကင်မရာစနစ်နဲ့လာတဲ့ ဖုန်းတွေ ဖြစ်တယ်လို့ကြေညာထားတဲ့ ဖုန်းပါ။ ရှေ့ဘက် dual selfie ကင်မရာပါရှိပြီး Super Res Zoom ၊ ပြုံးပြမှ အလိုလို ဆယ်လ်ဖီဆွဲပေးမယ့် Photobooth နဲ့Night Shot စနစ်များ သုံးထားပါတယ်။