ဆုပန်ထွာ နဲ့ ဆုရွှန်းလဲ့ တို့ အနုပညာ ညီအစ်မ နှစ်ဦးက Photo Shotting မှာ ဆုံရင်း ရှေးဟောင်းနှောင်းဖြစ် အမှတ်တရစကားတွေ ပြောလို့ မကုန်ပါဘူးတဲ့. အနုပညာ ညီအစ်မတွေ ပြန်ဆုံတွေ့ခွင့်ရတဲ့ ခံစားချက်ကိုတော့ ဆုပန်ထွာက အခုလို ပြောပြလာပါတယ်.
Photo: ဆုပန်ထွာ
သရုပ်ဆောင် ဆုပန်ထွာက သရုပ်ဆောင် ဆုရွှန်းလဲ့ နဲ့ အတူ Photo Shotting တစ်ခုမှာ တွေ့ဆုံရလို့ ပျော်နေတယ်လို့ ဆိုပါတယ်. အနုပညာလောကနဲ့ ဝေးကွာနေတဲ့ ဆုရွှန်းလဲ့ နဲ့ ဆုံခိုက်မှာလည်း ပြောလို့မကုန်နိုင်တဲ့ အမှတ်တရလေးတွေ ပြောဖြစ်ခဲ့တယ်လို့ သူကဆိုပါတယ်.
'' ဒီနေ့ခေးမေနှစ်ယောက်ဆုံပြီး ထဘီသိမ်းရိုက်ရတာဆိုတော့ ကလေးတွေအကြောင်းပဲပြောကြ၊ ရယ်ကြ၊ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြနဲ့ ပျော်လိုက်တာဆိုတာ ညီမလေးဆုရွှန်န်းလဲ့က မရိုက်တာအရမ်းကြာပြီကိုး။ Interview ဖြေတာလည်းလွတ်လပ်ပေါ့ပါးပြီးပျော်စရာကောင်းပါ့။ အရင်ကအနုပညာအတူတူလုပ်ခဲ့တဲ့သူတွေခုလိုပြန်ဆုံပြီဆိုစကားတွေပြောမကုန်ကြတော့ဘူး''ဆိုတာကို ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်.
Photo: ဆုပန်ထွာ
ဆုပန်ထွာဟာ နယ်ဖျော်ဖြေရေးတွေ သီဆိုနေရတာ ဖြစ်တဲ့အတွက် ကျန်းမာရေးကို သေသေချာချာ ဂရုစိုက်နေရတယ်လို့ ဆိုပါတယ်. ဒါပေမယ့်လည်း အနုပညာ ညီအစ်မ ဖြစ်တဲ့ ဆုရွှန်းလဲ့နဲ့ အတူတူ ရိုက်ကူးရေး လုပ်ခွင့်ရလို့လည်း မဖြစ်ဖြစ်အောင် ကြိုးစားရိုက်ကူးခဲ့တယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်.
''ဒီလိုလေးဆုံချင်လို့ ခါးနာရင်းတန်းလန်းရိုက်ဖြစ်တာ၊ ကိုယ်ခါးနာတာမနေ့ကဆေးရုံတောင်သွားရတဲ့အထိ၊ ခြေထောက်တောင်လှမ်းမရတဲ့အဖြစ်၊ ဒါတောင် ရအောင်တစ်လှမ်းချင်းလျောက် ခါးလေးမတ်ရင်း ရအောင်ရိုက်ခဲ့သေးတာ။ ဒီညီမနဲ့တွေ့ချင်လွန်းလို့လေ'' လို့ ဆိုပါတယ်.
Photo: ဆုရွှန်းလဲ့
ဆုရွှန်းလဲ့ဟာ ၂၀၁၄ ခုနှစ်ကတည်းက ခင်ပွန်းဖြစ်သူ ကိုဇေယျာဝင်းနဲ့ အိမ်ထောင်ပြုပြီးတဲ့နောက် အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်တာမျိုး မတွေ့ခဲ့ရပါဘူး. အဲ့ဒီနောက် စင်ကာပူနိုင်ငံမှာ သွားရောက်နေထိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေး တစ်ယောက်ပိုင်ဆိုင်လို့ နေပါပြီ. ဒါပေမယ့် အခုရက်ပိုင်းမှာတော့ မြန်မာနိုင်ငံကို အလည်အပတ် ပြန်လည်ရောက်ရှိနေတယ်လို့ သိရပါတယ်.
Photo: ဆုပန်ထွာ
ဆုပန်ထွာကလည်း လက်ရှိမှာ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်နဲ့ အတူ သားလေး Roar Roar Kyaw ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်. သားလေး အတွက်ကိုလည်း အချိန်ပေးဖြစ်နေသလို ကုသိုလ်ရေး လုပ်ငန်းတွေမှာလည်း အားတက်သရော ဆောင်ရွက်နေတာကို တွေ့ရပါတယ်. သူမကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ ဆောင်ရွက်နေတုန်းပါပဲ