သူ့ကို ညီတစ်ယောက်လို သဘောထားတာပါ။

ဘုန်းလျှံ ထောင်က ထွက်လာချိန်မှာ အားပေးစကားတွေ ပြောခဲ့သလို အမှားထပ်မဖြစ်ဖို့၊ တစ်ယောက်တည်းကျန်ခဲ့တဲ့ အဖေကို ကျေးဇူးဆပ်ဖို့တွေ ပြောပြခဲ့တယ်လို့ ခန့်စည်သူက ဆိုပါတယ်။ 

ခန့်စည်သူကတော့ ဘုန်းလျှံ ထောင်က ထွက်လာတဲ့ အချိန်မှာ စိတ်အားမငယ်စေဖို့ အားပေးစကားတွေ ပြောခဲ့တယ်လို့ ဆိုပါတယ်။ သူ့အတွက် ခွန်အားဖြစ်စေဖို့ကိုလည်း အလှူတွေလုပ်တိုင်း အမြဲ ခေါ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 



“ ဘုန်းလျှံကတော့ ကျွန်တော့်ရဲ့ ညီတစ်ယောက်လိုပါပဲ။ လမ်းမှားသွားတယ်။ လမ်းမှားသွားတဲ့အချိန်မှာ သူ့အပြစ်ကို သူ ခံယူပြီးသွားပြီ။ သူ့ကိုလည်း ကျွန်တော် ပြောပါတယ် ဘုန်းလျှံ.. ညီလေး လူတစ်ယောက်က ကိုယ့်အမှားကို မှားမှန်းသိသွားရင် အမှန်ဖြစ်သွားပြီ။ အခုချိန်မှာ မီဒီယာတွေ၊ အင်တာဗျူးတွေကို မရှောင်နဲ့ ဒဲ့ပြော၊ ရင်ထဲမှာရှိတာ ဒဲ့ဖြေ၊ ငါတို့ လုပ်တဲ့ အလှူမှာလည်း သတ္တိရှိရှိ လာပူးပေါင်းပေါ့။ သူ ထောင်က ထွက်လာတော့ ဖုန်းဆက်တယ်။ အားပေးစကားတွေ ပြောခဲ့တယ်။ ဟိုးအရင်တုန်းကတည်းကလည်း ကိုယ့်ညီတစ်ယောက်လို သတ်မှတ်ထားတာပါ။ သူ့ကိုလည်း အခုချိန်မှာ လက်တွဲခေါ်ပါတယ်။” လို့ သူကဆိုပါတယ်။  

ဘုန်းလျှံဟာ ထောင်ကထွက်လာပြီးတဲ့ အချိန်မှာ အမှားကို ပြင်နိုင်ခဲ့ပြီလို့လည်း ခန့်စည်သူက ပြောပါတယ်။ နောက်ထပ် အမှားတွေလည်း ထပ်မဖြစ်စေချင်တော့ဘူးလို့ သူက ဆိုပါတယ်။ 

“ သူ့ကို ဖြစ်စေချင်တာကတော့ အခု လမ်းကြောင်းအမှန်ကို ပြန်ရောက်လာတဲ့အချိန်မှာ အမှားရဲ့ ခါးသီးမှုကို သူသိသွားပြီ။ ပြန်လည်း မမှားစေချင်တော့ဘူး။ သူ့ရဲ့ အမှားကြောင့် အပြင်မှာရှိတဲ့ သူ့အမေရဲ့ ဘဝလည်း ပေးဆပ်လိုက်ရပြီ။ သဘောက အမေ ဆုံးပါးသွားတာကိုလည်း သူမမြင်လိုက်ရဘူးပေါ့။ သူ့မှာ အဖေရှိသေးတဲ့အတွက် ထပ်မမှားစေချင်တော့ဘူး။ ကျန်နေသေးတဲ့ မိဘကို ကောင်းကောင်းမွန်မွန်လုပ်ကျွေး၊ မိဘဆိုတာ သက်ရှိ ဘုရားပဲလေ။ ဒါကြောင့် ကိုယ်က လုပ်နိုင်ကိုင်နိုင်တုန်းအရွယ်မှာ မိဘကျေးဇူးဆပ်ပါလို့တော့ မှာထားပါတယ်” လို့ သူကဆိုပါတယ်။ 

ဘုန်းလျှံဟာ မူးယစ်ဆေးဝါးမှုနဲ့ အပြစ်ဒဏ်(၇) နှစ် ပေးဆပ်ပြီးနောက်၂၀၂၀ခုနှစ်၊ နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်အတွက် ရည်စူးပြီး အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှာ မေလ (၆) ရက်နေ့မှ မေလ(၁၇) ရက်နေ့အထိ (၁၁) ရက်အကြာ သာသနာ့ဘောင်ထဲ ဝင်ခဲ့တာ တွေ့ရပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင် ခန့်စည်သူရဲ့ အလှူအတန်းတွေမှာ ပါဝင်ကူညီနေတာကိုလည်း တွေ့ရပါတယ်။ 

Photo: Bhone Hlan

ခန့်စည်သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေရတာဖြစ်သလို သွားရောက်ရိုက်ကူးတဲ့ နယ်မြို့တွေမှာလည်း အမြဲတမ်း အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ခန့်စည်သူဟာ ပရဟိတအလုပ်တွေမှာသာမက၊ ဘုရားတည်၊ ကျောင်းဆောက် စတဲ့ အလှူတွေလည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က