နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ ၃ ပွဲစလုံး အနိုင်ရရှိထားတာပါ။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကစားသမား ဂယ်ရီနဗီးက ယခုအပတ်မှာ ယှဉ်ပြိုင်ကစားရမယ့် ဘုန်းမောက်အသင်းနဲ့ပွဲစဉ်ဟာ ဆိုးရှားအတွက် ပြင်းထန်တဲ့ဖိအားတွေအောက် ပြန်ရောက်သွားစေနိုင်တဲ့ပွဲတစ်ပွဲဖြစ်လာနိုင်တယ်လို့ သတိပေးပြောကြားခဲ့ကြောင်း Metro ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းမှာ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မတိုင်မီမှာ စိုးရိမ်ထိတ်လန့်နေခဲ့ကြောင်း ဂယ်ရီနဗီးက ဝန်ခံခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းက လီဗာပူးအသင်းကို အကောင်းဆုံးပုံစံနဲ့ တုံ့ပြန်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဗာပူးအသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်နောက်ပိုင်း ရလဒ်ကောင်းတွေ ရရှိနေပြီး ပါတီဇန်ဘဲဂရိတ်၊ နောဝစ်၊ ချယ်ဆီးတို့နဲ့ကစားခဲ့တဲ့ ပြိုင်ပွဲစုံမှာ ၃ ပွဲအထိ အနိုင်ရရှိထားတာဖြစ်ပါတယ်။

ဂယ်ရီနဗီးက ၎င်းရဲ့အသင်းဖော်ဟောင်း ဆိုးရှားအနေနဲ့ ရလဒ်ဆိုးတွေကို ပြောင်းပြန်လှန်နိုင်ခဲ့တဲ့အတွက် ဝမ်းသာနေပေမယ့် ဆိုးရွားတဲ့ရလဒ်တစ်ခုက လက်ရှိစိတ်ခံစားမှုကို အလွယ်တကူပြောင်းလဲပစ်နိုင်တယ်လို့ သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

“ယူနိုက်တက်ပရိသတ်အနေနဲ့ ကျွန်တော် လီဗာပူးနဲ့ပွဲကို ကြောက်ကြောက်နဲ့ သွားကြည့်ခဲ့ပါတယ်”


“ဒီနေ့ကတော့ ဆိုးရွားတဲ့နေ့ဖြစ်လိမ့်မယ်လို့ ကျွန်တော် တွေးမိခဲ့ပြီး ကွင်းထဲမှာရှိတဲ့လူတော်တော်များများလည်း ဒီလိုစိတ်ခံစားချက်မျိုးဖြစ်နေမှာပါ။ လီဗာပူးက အရမ်းကောင်းတဲ့အသင်းဖြစ်ပြီး သူတို့ ၃-၀ နဲ့ အနိုင်ရသွားနိုင်တယ်။ ဒါပေမယ့် ယူနိုက်တက်က တကယ်ကို ကောင်းကောင်းကစားနိုင်ခဲ့တယ်”

“အိုလေက နည်းဗျူဟာပိုင်းနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံခဲ့ရတယ်။ ဒါပေမယ့် အဲဒီနေ့မှာ သူ မှန်တာကို လုပ်နိုင်ခဲ့တယ်။ အဲဒါက ယူနိုက်တက်ရဲ့ကောင်းမွန်တဲ့ရလဒ်တွေရဲ့အစဖြစ်ပြီး ပါတီဇန်နဲ့ နောဝစ်၊ ချယ်ဆီးတို့ကို အနိုင်ရရှိခဲ့တယ်”

“အဲဒီတော့ ပြန်လည်ရှင်သန်မှုအသေးစားလေးရှိလာခဲ့ပါတယ်။ ဒါပေမယ့် အိုလေအနေနဲ့ သူ့ရဲ့ခုံမှာ အေးဆေးထိုင်နေရလိမ့်မယ်လို့ မထင်ပါဘူး။ နောက်ထပ်တစ်ခေါက် ဖိအားတွေနဲ့ ပြန်ကြုံရဖို့ တစ်ပွဲအလိုမှာ ရှိနေတယ်ဆိုတာ သူ သိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”

“အိုလေက အမှတ်ပေးဇယားအောက်ကို ကြည့်ဖို့ထက် အပေါ်ကိုပဲ ကြည့်နေပါတယ်။ အဲဒီတော့ ဘုန်းမောက််နဲ့ပွဲက အရေးကြီးတဲ့ပွဲပါ”လို့ ပြောကြားခဲ့ပါတယ်။

Share

က္က