ဆုဖလားအတွက် ခြေတစ်လှမ်းတိုးနိုင်ခဲ့ပါပြီ။

ယာဂင်ကလော့ပ်အတွက်တော့ ခက်ခဲတဲ့ ပွဲတစ်ပွဲကို အနိုင်ရရှိခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနို်င်ဖို့အတွက် ခြေတစ်လှမ်းထပ်မံလှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ 


ပရီးမီးယားလိဂ်ပွဲစဉ် ၂၉ ရဲ့ အစောဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ လီဗာပူးလ်နဲ့ ဘုန်းမောက်တို့ရဲ့ပွဲစဉ်မှာတော့ အိမ်ရှင်လီဗာပူးလ်က ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး နောက်ဆုံး ၂ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ရလဒ်ပိုင်းတွေဆက်တိုက်ကျဆင်းနေခဲ့တဲ့ လီဗာပူးလ်ဟာ အိမ်ကွင်းမှာ ဦးဆောင်ဂိုးပေးခဲ့ရပြီးမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။

ဘုန်းမောက်အတွက် ပွဲကစားချိန် ၉ မိနစ်မှာပဲ ဝီလ်ဆင်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့တာပါ။ ဒီအတွက် လီဗာပူးလ်တို့ဖိအားဝင်ခဲ့ရပြီး ဂိုးတွေပြန်သွင်းနိုင်ဖို့ တိုက်စစ်ကိုအားပြုကစားခဲ့ရပါတယ်။ လီဗာပူးလ်ရဲ့ တရစပ်တိုက်စစ်ဆင်မှုတွေက အလုပ်ဖြစ်ခဲ့ပြီး ၂၅ မိနစ်မှာ ဆာလာက ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဂိုးရပြီးနောက် လီဗာပူးလ်ကစားပုံက ပိုမိုကောင်းမွန်လာခဲ့ပြီး ၃၃ မိနစ်မှာ မာနေးက အနိုင်ဂိုးကိုသွင်းယူပေးသွားခဲ့ပါတယ်။ နောက်ဆုံး ၂ပွဲဆက်တိုက်ဂိုးပေါက်ပါပျောက်ခဲ့ရတဲ့ လီဗာပူးလ်တို့ တိုက်စစ်မှူးတွေဂိုးသွင်းနိုင်မှုနဲ့အတူ နိုင်ပွဲပါပြန်လည်ရရှိခဲ့လို့ စိတ်ပိုင်းဆို်င်ရာအရ အားတက်စရာအခြေအနေတွေ ပြန်လည်ဖြစ်လာခဲ့ပါတယ်။ 

ဘုန်းမောက်ကတော့ တန်းဆင်းဇုန်အန္တရာယ်ရှိနေလို့ ဒုတိယပိုင်းမှာ အသည်းအသန်အားစိုက်ကစားခဲ့ပြီး ဖိအားပေးခဲ့ပေမယ့် လီဗာပူးလ်နောက်တန်းကို ကျော်ဖြတ်နိုင်ခြင်းတော့မရှိခဲ့ပါဘူး။ ယာဂင်ကလော့ပ်အတွက်တော့ ခက်ခဲတဲ့ ပွဲတစ်ပွဲကို အနိုင်ရရှိခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနို်င်ဖို့အတွက် ခြေတစ်လှမ်းထပ်မံလှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က