သူက ဘယ်လိုလူမျိုးလဲ ဆိုတာကို ပြောပြခဲ့ပါတယ်။

အောင်ရဲလင်းက ရိုမန့်တစ်ဆန်တတ် တဲ့သူ မဟုတ်ပါ ဘူးတဲ့။ သူကိုယ်တိုင်ကလည်း ဘယ်လိုယောကျ်ားမျိုးလဲ ဆိုတာကို ပွင့်ပွင့် လင်းလင်းပြောပြလာပါတယ်။

ချောမောခန့်ညားလွန်းတဲ့ပုံစံနဲ့ မိန်ကလေးပရိသတ်ရဲ့ ပရိသတ် အသဲစွဲ မင်းသား အောင်ရဲလင်းက သူ့ကိုယ်သူတော့ ရင်ခုန်စရာကောင်းတဲ့ သူတစ်ယောက်လို့ မထင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောတတ်သူဖြစ်တာကြောင့် ရိုမန့်တစ် ဆန်တတ်တဲ့ လူမဟုတ်ဘူးလို့ ပြောပြလာပါတယ်။

'' ကျွန်တော်က အဲ့လောက် ရင်ခုန်စရာမကောင်းပါဘူး။ ကျွန်တော် ကိုယ်တိုင်က စကားပြောရင် ပွင့်ပွင့်လင်းလင်းပြောတတ်တယ်။ Romance တွေ သိပ်မဖြစ်ဘူး။  ဒဲ့ပဲ ပြောတာများတယ်ဆိုတော့ ကျွန်တော်က Romance တော့ မဖြစ်ဘူး" လို့ သူကဆိုပါတယ်။

Photo: အောင်ရဲလင်းဖေ့စ်ဘွတ်

 

အောင်ရဲလင်းဟာ စမတ်ကျတဲ့ ခန္ဓာကိုယ်အချိုးအစားရယ်၊ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်တတ်မှုတွေကြောင့် မိန်းကလေး ပရိသတ် အများစုရဲ့ စိတ်ဝင်စားခြင်းကို ခံထားရသူဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဘယ်လို ယောကျ်ားမျိုးလဲ ဆိုတာကို စက်တင်ဘာလ ၁၃ ရက်နေ့ ညက ပြုလုပ်တဲ့ ၂၄ နာရီ ၁ ချစ်ဆိုတဲ့ ရုပ်ရှင်အထူးပြပွဲမှာ မီဒီယာတွေကိုပြောပြခဲ့ပါတယ်။

'' ကျွန်တော် အေးအေးဆေးဆေးပဲ နေချင်တယ်၊ ပြီးတော့ ကျွန်တော်က စိတ်မာတယ်။ သိပ်ပြီးတော့ တော်ရုံတန်ရုံ ကိစ္စမျိုး မတုန်လှုပ်ဘူး။ အဲ့ဒီလောက်ပါပဲ။ ကျန်တာတော့ များများစားစားရယ်လို့ မရှိပါဘူး။ မာနကြီးတယ်လို့ ထင်တာကလည်း ကျွန်တော် ကိုယ်တိုင်ကလည်း အနေတည်တာပါတယ်'' လို့ ဆိုပါတယ်။

ဇာတ်ကားရိုက်ကူးဖို့ ခဏခဏပျက်ခဲ့တယ်လို့ ဆိုလိုက်တဲ့ အောင်ရဲလင်း 

 

အောင်ရဲလင်းရဲ့ ပုံစံအနေအထားတွေကို အပြင်ပန်းကကြည့်မယ် ဆိုရင်တော့ မာနကြီးတယ်လို့ ထင်ကြေးပေးနေကြတဲ့အကြောင်း သိရပါတယ်။ သူ့အနေနဲ့  ပင်ကိုအမူအကျင့်ဖြစ်တာကြောင့်လည်း ပါတယ်လို့ ဆက်လက်ပြောပြထားပါသေးတယ်။

'' ကျွန်တော်က ကိုယ်နဲ့ခင်တဲ့ လူလောက်ပဲ စကားပြောတာများတယ်။ ကိုယ်နဲ့မသိရင် သိပ်မပြောဘူး၊ ကိုယ်ကလည်း သွားမပြောတတ်ဘူး။ သူတို့ လာပြောရင်လည်း ဟုတ်ကဲ့၊ ဟုတ်ကဲ့ ပေါ့။ သူတို့ လာပြောတဲ့ စကားပေါ်မှာပဲ မူတည်ပြီးတော့ ဟုတ်ကဲ့...အင်း ဆိုတာလောက်တော့ ပြောဖြစ်တယ်။ သူငယ်ချင်းတွေ၊ ခင်တဲ့လူတွေ၊ အပေါင်းအသင်းတွေနဲ့ တွေ့ရင်တော့ ပြောဖြစ်ပါတယ်။ ဒီလောက်ပါပဲ'' လို့ ပြောပါတယ်။

Photo: အောင်ရဲလင်းဖေ့စ်ဘွတ်

 

အောင်ရဲလင်းက သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှု အခိုင်အမာကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့ အချစ် ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက အရမ်းစိတ်ဝင်စားကြပြီး သူကိုယ်ရွေးချယ်မယ့် အိမ်ထောင်ဖက် မိန်းကလေး ကိုလည်း စိတ်ဝင် စားနေကြပါတယ်။

 

Share

Loading Next Article...
က္က