တရုတ်မှာ ဖုန်းထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တာပါ

တရုတ်နိုင်ငံမှာ နောက်ဆုံးစမတ်ဖုန်းစက်ရုံ ပိတ်သိမ်းလိုက်ပြီးနောက် Samsung ဟာ ဝန်ထမ်းတွေအတွက် လက်ဆောင်ပစ္စည်းတွေ ပေးပြီး နှုတ်ဆက်ခဲ့ပါတယ်။

Gizmochina သတင်းမှာ ဖော်ပြချက်အရ Samsung ဟာ တရုတ်နိုင်ငံမှာ ဖုန်းထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပြီနောက် ဝန်ထမ်းတွေကို Galaxy S10 နဲ့စမတ်နာရီတစ်လုံးအပြင် လုပ်သက် ၁၀ နှစ်အထက် ရှိခဲ့သူတွေကို ငွေတစ်ချို့ပါ ပေးခဲ့တယ်လို့ဆိုပါတယ်။ လုပ်သက်နည်းတဲ့ ဝန်ထမ်းတွေကိုတော့ Galaxy A80 တစ်လုံးစီ လက်ဆောင်ပေးခဲ့တာပါ။

Photo: Gizmochina


Samsung ဟာ တရုတ်နိုင်ငံအတွင်းမှာ ဖုန်းစက်ရုံ ၃ ရုံနဲ့လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖုန်းစက်ရုံထဲက ၂ ခု ဖြစ်တဲ့ ရှန်းကျင့်နဲ့တီယန်ဂျင်းက စက်ရုံနှစ်ခုကို ၂၀၁၈ ခုနှစ်က ပိတ်ခဲ့ပြီး ဟွေ့ကျိုးစက်ရုံကိုတော့ ယခုလဆန်းပိုင်းကမှ နောက်ဆုံးအဖြစ် ပိတ်ခဲ့တာပါ။ ဂွမ်ဒေါင်းခရိုင်မှာ ရှိတဲ့ ဟွေ့ကျိုးက စက်ရုံဟာ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလက ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ ထုတ်လုပ်မှု စတင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအထိ လည်ပတ်နေခဲ့တဲ့ ဒီစက်ရုံဟာ ထုတ်လုပ်မှုကျဆင်းလာမှုနဲ့အတူ ဝန်ထမ်းအင်အား လျှော့ချမှုများလည်း ရှိခဲ့ပါတယ်။ စီးပွားရေးနှေးကွေးလာခြင်း ၊ တရုတ်နိုင်ငံတွင်း ပြိုင်ဘက်စမတ်ဖုန်းကုမ္ပဏီတွေ အင်အားကြီးလာခြင်းနဲ့အတူ လုပ်အားခ ကြီးမြင့်လာခြင်းကလည်း Samsung အတွက် တရုတ်နိုင်ငံအတွင်း ထုတ်လုပ်မှု ရပ်ဆိုင်းဖို့ဖြစ်လာခဲ့တာပါ။

Samsung ဟာ တရုတ်မှာ စမတ်ဖုန်းဈေးကွက်ရှယ်ယာ ဆက်တိုက်ကျဆင်းလာနေပြီး ၂၀၁၉ ပထမ သုံးလပတ်မှာ ဈေးကွက်ရှယ်ယာ ၁ % အထိ ကျဆင်းနေတယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က