သဒ္ဓိစစ်လေးက ကျောင်းမှာ ဆုရခဲ့ပါတယ်တဲ့။

မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ်က ကျောင်းက ဆု ရရှိခဲ့တယ်လို့ ဝမ်းသာအားရနဲ့ မယ်လိုဒီက ပြောပြလာပါတယ်. သားလေး သိဒ္ဓိစစ်က အခုဆိုရင် ၃ နှစ်ကျော် အရွယ်ကို ရောက်ရှိနေပါပြီ.

Photo: Melody



သရုပ်ဆောင် မယ်လိုဒီရဲ့ တစ်ဦးတည်းသော သားလေး သိဒ္ဒိစစ်က ကျောင်းမှာ ဆုရတဲ့အတွက် မေမေ မယ်လိုဒီတစ်ယောက် အပျော်ကြီး ပျော်နေတာကို တွေ့ရပါတယ်. ဒီ့အတွက်လည်း သူ့ရင်ထဲက ပီတိစကားတွေကို အခုလို ပြောပြထားပါသေးတယ်.

ကျာင်းမှာသားသားဆုရလို့ ဓာတ်ပုံ လိုတယ်တဲ့ တောင်းထားတာကြာပြီတဲ့. ဟုတ်ကဲ့ပါရှင်. မနက်ဖြန်ရအောင် လုပ်ပေးပါမယ်ရှင်. ဘာမှမထူးချွန် ညဏ်ကသာတုံး တာ မိသားစုအတွက်တော့ လုပ်နိုင်သား အရင်လို ကြိုးစားရတော့မည်.ကဲ ငါဟဲ့ ခင်စွမ်းကြည် ထူးချွန်လို့ ကျေးဇူးပါသားသားရေ မေမေ ပိုကြိုးစားပါ့မယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၃ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်.

Photo: Melody

သိဒ္ဓိစစ်လေးဟာ ဉာဏ်ကောင်းတဲ့ ကလေး တစ်ယောက်ဖြစ်ပါတယ်. ပညာရေးမှာသာ ထူးချွန်ယုံမက မေမေ နဲ့ ဝါသနာတူတဲ့ အနုပညာ အလုပ်တွေမှာလည်း ထူးချွန်တဲ့ ကလေးလေး တစ်ယောက်ပါ.အခုဆိုရင် ၃ နှစ်ကျော်အရွယ်ရောက်နေပါပြီ. သူက ၂၀၁၈ ခုနှစ် ဇွန်လ ၄ ရက်နေ့ကတည်းက ကျောင်းစတတ်နေရပြီလို့ သိရပါတယ်။ မွေးကင်းစကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ် လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။

Photo: Melody

သားလေး သိဒ္ဓိစစ်ဟာ ငယ်ငယ်ကတည်းက ကလေးပစ္စည်းကြော်ငြာလေးတွေရိုက်ကူးနေရတာဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာအလုပ်ကနေ ရရှိလာတဲ့ ငွေကြေးနဲ့ အလှူအတန်းတွေလည်း လုပ်နိုင်ခဲ့တယ်။ မိဘတွေကိုလည်း တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်ခဲ့တယ်ဆိုပြီးတော့လည်း မယ်လိုဒီကသူ့ရဲ့ ဖေ့စ်ဘွတ်ကနေတဆင့် ပြောပြခဲ့ဖူးပါတယ်။

Photo: Melody

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာပေါ်မှာ မကြာခဏ ဆိုသလို တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်အပေါ် အချစ်တွေပိုခဲ့ ရပါသေးတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူး နေပြီဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က