concept ဖုန်းဖြစ်ပေမယ့် ရောင်းချမှုတော့ လုပ်သွားမှာပါ

screen နဲ့ကိုယ်ထည်အချိုးအစား ၁၈၀% ကျော်တဲ့ ဖုန်းတစ်လုံးကို Xiaomi က မိတ်ဆက်ပြသလိုက်ပါပြီ။


စမတ်ဖုန်းလောကမှာ screen-to body ratio ဆိုတာ ရှိပါတယ်။ screen ရဲ့ နေရာယူမှု မြင့်လေလေ ဖုန်းမှာ bezel ပါးလေလေပါ။ နောက်ဆုံးထွက်ဖုန်းတွေထဲက iPhone 11 Pro မှာ screen-to-body အချိုးက ၈၂.၁% ရှိပါတယ်။ notch အကြီးသုံးပြီး bezel တွေ ဖျောက်လိုက်လို့ပါ။ Huawei ရဲ့ အကောင်းဆုံးဖုန်းတွေထဲက နောက်ဆုံးပေါ် Mate 30 Pro မှာဆိုရင် waterfall display ကွေးကြောင့် ၉၄.၁% ratio ရှိထားပါတယ်။

Photo: Engadget


Xiaomi Mi Mix Alpha ကတော့ screen-to-body ratio ၁၈၀.၆% ရှိပါတယ်။ ရူးချင်စရာကောင်းအောင် ဖုန်းပတ်ပတ်လည် တလျှောက်လုံးကို screen တွေနဲ့အုပ်ထားတာပါ။ ဖုန်းရှေ့မှာ screen အပြည့်ပါလာပြီး နောက်ဘက်မှာ ထောင်လိုက်ကင်မရာတန်းအတွက် bezel အမြှောင်းလိုက် ဘောင်ထားပြီး အောက်ခြေနဲ့အထက်မှာ ဘောင်ပါတယ်ဆိုရုံပဲ ပါလာပါတယ်။

ဖုန်းကိုယ်ထည်တစ်ခုလုံးက display တွေ ဖြစ်သွားတာကြောင့် အသံခလုတ်တွေဟာ pressure-sensitive နည်းပညာ ပြောင်းလဲ အသုံးပြုလာပါတယ်။ display အပြင် နောက်ထပ် ထူးခြားတာက Samsung ထုတ် 108MP sensor ကို ပထမဆုံး သုံးလာတာပါပဲ။ ဒီကင်မရာ sensor ဟာ Xiaomi နဲ့Samsung တို့ကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ နည်းပညာပါ ။

27MP ဓါတ်ပုံတွေ ထုတ်နိုင်ပြီး Low light မှာ အလင်းဖမ်းယူမှု ပိုကောင်းအောင် pixels တွေကို 2x2 squares အဖြစ် ပေါင်းစည်းထားတာ ဖြစ်ပါတယ်။ ဒီ image sensor သစ်ဟာ Smart ISO လို့ခေါ်တဲ့ အလင်းအခြေအနေနဲ့အရည်အသွေးကို လိုက်ပြီး ISO levels ကို ညှိပေးမယ့် နည်းပညာလည်း ပါဝင်ပါတယ်။



ကျန်တဲ့ အချက်အလက်တွေကို ကြည့်ရင်လည်း တကယ့်ကို high-end အဖြစ် မြင်ရမှာပါ။ Qualcomm ရဲ့ နောက်ဆုံးပေါ် အဆင့်မြင့် Snapdragon 855+ processor ၊ RAM 12GB/512GB storage နဲ့40W wired charging ပါတဲ့ 4050mAh ဘက်ထရီတွေ သုံးထားတဲ့ Mi Mix Alpha ဟာ 5G ကွန်ရက်သုံးနိုင်မယ့် ဖုန်းလည်း ဖြစ်ပါတယ်။

Xiaomi ကတော့ Mi Mix Alpha ဟာ concept ဖုန်းတစ်လုံးလို့ပြောသွားပြီး ဒီနှစ်ထဲမှာ အရေအတွက်အနည်းငယ်နဲ့သီးသန့်ထုတ်သွားမယ်လို့ဆိုပါတယ်။ ထုတ်ထားတဲ့ Mi Mix Alpha ကိုလည်း concept ဖုန်းဖြစ်ကြောင်း label တပ်ထားပြီး တစ်လုံးကို ယွမ် ၁၉၉၉၉ ( မြန်မာငွေ ၄၂ သိန်း ၇ သောင်းကျော်) ဈေးနဲ့ရောင်းချဖြစ်မယ်လို့လည်း ပြောထားပါတယ်။

Share

Loading Next Article...
က္က