ပစိဖိတ်သမုဒ္ဒရာ အရှေ့အလယ်ပိုင်း ရဲ့ပင်လယ်ရေမျက်နှာပြင်အပူချိန်က ပုံမှန်ထက်အနည်းငယ်မြင့်နေပါတယ်။

၂၀၁၉ ခုနှစ်ဖေဖော်ဝါရီလကနေ ဧပြီလအထိ အယ်နီညိုရာသီဥတုဖြစ်ပေါ်နိုင်မှု ၆၅ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေ ၃ နာရီခန့်မှာ ထုတ်ပြန်ထားပါတယ်။

photo- spore- cta.net



ယခုနှစ် ဖေဖော်ဝါရီ လအတွင်းမှာ အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ အရှေ့အလယ်ပိုင်း ရဲ့ပင်လယ်ရေမျက်နှာပြင်အပူချိန်က ပုံမှန်ထက်အနည်းငယ်မြင့်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အယ်နီညိုဖြစ်စဉ်က ၂၀၁၉ ခုနှစ် ဧပြီလအထိ ဆက်လက်ဖြစ်ပေါ်နိုင်ကာ တဖြည်းဖြည်းအားလျော့သွားနိုင်ကြောင်း နိုင်ငံတကာ မိုးလေဝသနှင့် ရာသီဥတုခန့်မှန်းရေး ဗဟိုဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလကနေ မေ၊ဇွန်တို့မှာ ၅၀ ရာခိုင်နှုန်း ၊နဲ့ ၂၀၁၉ (ဇွန်၊ဇူလိုင်၊သြဂုတ်)လတို့မှာ (၄၃)ရာခိုင်နှုန်းကို ပြန်လျော့ကျမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့မှာ အယ်နီညိုရာသီဥတုကို ခံစားရမယ်လို့ ယခုနှစ် အစောပိုင်းကတည်းက ကြေညာထားခဲ့ပါတယ်။

အယ်နီညိုဖြစ်စဉ်ကြောင့် ၂၀၁၉ ခုနှစ်က အပူဆုံးနှစ်ဖြစ်လာမယ်လို့ ခန့်မှန်းထားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ ထုတ်လွှတ်မှုမြင့်တက်လာပြီး ပြီးခဲ့တဲ့နှစ်တွေထက် ပိုမိုပူနွေးလာမယ်လို့ ပြောထားပါတယ်။ အယ်နီညိုကြောင့် အပူလှိုင်းဖြစ်ပေါ်မှု၊ တောမီးလောင်မှု၊ ရေကြီးမှုနဲ့မုန်တိုင်းဖြစ်စဉ်တွေ အာရှနိုင်ငံတွေအပေါ်သက်ရောက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က