ဇန်နဝါရီ (၇) ရက်နေ့မှာ သဂြိုလ်မှာ ဖြစ်ပါတယ်။

ဒီနေ့ (ဇန်နဝါရီ၅ရက်) မနက်အစောပိုင်းမှာ ရုတ်တရက် ကွယ်လွန်သွားခဲ့တဲ့ သရုပ်ဆောင် မင်းစိန်၏ ရုပ်အလောင်းအား နေ့လည်ပိုင်းလောက်က ရေဝေးသို့ ပို့ဆောင်ခဲ့ပြီဖြစ်ပါတယ်။

Photo : မျိုးဝင်း FB

လူကြမ်း သရုပ်ဆောင် ဦးမင်းစိန်ဟာ ဒီနေ့ မနက်(၂)နာရီခွဲက ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ရုပ်အလောင်းကို နေ့လယ်(၂)နာရီလောက်က ဦးကျော်သူနဲ့အတူ ကိုလူချောအဖွဲ့ဝင်များက ရေဝေးသုဿန်သို့ ပို့ဆောင်ပေးခဲ့ကြပါတယ်။ ဦးမင်းစိန်ကို ဇန်နဝါရီ(၇) ရက်နေ့ နေ့လည်(၁)နာရီမှာ ရေဝေးသုဿန်တွင် မီးသဂြိုလ်သွားမှာ ဖြစ်ပါတယ်။



Photo : မျိုးဝင်း FB

လူကြမ်းမင်းသားကြီး ဦးမင်းစိန် ကွယ်လွန်သွားမှုအတွက် အနုပညာအသိုင်းအဝိုင်းမှ သရုပ်ဆောင်တွေအပြင် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ ဦးမင်းစိန် ဟာ ရုပ်ရှင်ဇာတ်ကား အဖြူအမဲ ခေတ်ကတည်းက လူကြမ်း သရုပ်ဆောင် တစ်ဦးအဖြစ် အနုပညာအလုပ်တွေ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်. သူ့ကို တော့ လူကြမ်း ကာရိုက်တာ. လူယုတ်မာ ကာရိုက်တာ. လူလိမ် ကာရိုက်တာ တွေနဲ့ ပရိသတ် သိခဲ့ကြတာဖြစ်ပြီး ဒီလို ကာရိုက်တာတွေနဲ့ပဲ ပရိသတ်တွေရဲ့ အမုန်းကို ခံယူ ခဲ့ရသူ တစ်ဦးဖြစ်ပါတယ်.

ဦးမင်းစိန်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အထိ အနုပညာအလုပ်တွေလုပ်ခဲ့တာ တွေ့ရပါတယ်. သူ့မှာတော့ ချစ်ရတဲ့ ဇနီးနဲ့ တစ်ဦးတည်းသော သမီးလေး တစ်ယောက်ရှိပါတယ်. ဦးမင်းစိန် အတွက်ကိုလည်း ပရိသတ်တွေက စိတ်မကောင်းဖြစ်လို့ နေပါတယ်.

Share

Loading Next Article...
က္က