အနုပညာသမား အချင်းချင်း ကိုယ်ချင်းစာမိလို့တဲ့။

ခိုင်နှင်းဝေက ဇာတ်ပို့ သရုပ်ဆောင် နွယ်နီရဲ့ သတင်းကြားကြားချင်း လိုအပ်တာတွေ သွားရောက်ကူညီပေးခဲ့တာပါ။ အနုပညာသမား အချင်းချင်း ကိုယ်ချင်းစာမိလို့ပါတဲ့။

Photo : ခိုင်နှင်းဝေ



သရုပ်ဆောင် ခိုင်နှင်းဝေဟာ ဒီနေ့(မေလ၁၃ရက်)မှာ ဇာတ်ပို့သရုပ်ဆောင် နွယ်နီဆီသို့ သွားရောက်ခဲ့ပြီး လိုအပ်တာတွေ လှူဒါန်းခဲ့ပါတယ်။ သူမဟာ နွယ်နီရဲ့ သတင်းကြားကြားချင်း သွားရောက်ခဲ့တာ ဖြစ်ပြီး နွယ်နီရဲ့ အခက်အခဲ၊ ကျန်းမာရေးနဲ့ သားသမီးလေးတွေရဲ့ ဘဝ အားလုံးအတွက် စဉ်းစားပြီး ဆေးဝါးကုသနိုင်ရန် အလှူငွေ (၆)သိန်း လှူဒါန်းခဲ့သလို လွယ်လွယ်ကူကူ ဈေးရောင်းနိုင်ဖို့အတွက် ဈေးရောင်းလှည်းကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။

Photo : ခိုင်နှင်းဝေ

အနုပညာ သမား အချင်းချင်း ကိုယ်ချင်းစာမိလို့ ဒီနေ့မနက်မှာ သူ့အခက်အခဲ သူ့ကျန်းမာရေး သူ့ သားသမီးလေးတွေရဲ့ဘဝအားလုံး အတွက် စဉ်းစားပြီး ဆေးဝါး ကုသနိုင်ရန် အလှူငွေကျပ် 6သိန်း အိမ်မှာ ပူဇော်နိုင်ရန် ဘုရားတဆူ တို့အပြင် မနေ့က တရက် ထည်းနဲ့ လွယ်လွယ် ကူကူ ဈေးရောင်းနိုင်ဖို့တွက် လှည်း၊ လိုအပ်တဲ့ အိမ်ထောင်သုံးစားစရာ၊ ကလေးလေးတွက် မုန့်၊ အရုပ် တွေအပြင် ရောင်းချနိုင်ရန်အတွက် ထိုင်းနိုင်ငံမှ တိုက်ရိုက် တင်သွင်းသော အကင်စုံတို့ကို သွားရောက်လှူဒါန်းပေးခဲ့ပါတယ်ရှင်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ မေလ(၁၃) ရက်နေ့က ရေးသားထားပါတယ်။

Photo : ခိုင်နှင်းဝေ

နွယ်နီရဲ့ ဝမ်းသာမျက်ရည်တွေကို မြင်ရတာ သူမအတွက် ပင်ပန်းတာတွေ ပျောက်တဲ့အထိကို ကြည်နူးပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။သရုပ်ဆောင် နွယ်နီဟာ ကင်ဆာရောဂါ အဆင့်(၃)ကို ခံစားနေရတယ်လို့ သိရပါတယ်။

 ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။

Photo : ခိုင်နှင်းဝေ

ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင်ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က