မူလကစွဲဆိုထားတဲ့ ပုဒ်မတွေအတိုင်း ကြားနာစစ်ဆေးသွားမယ်လို့သိရပါတယ်။

သရုပ်ဆောင်အောင်ရဲထွေးသေဆုံးတဲ့အမှုမှာ အာမခံရရှိထားသူသုံးဦးကို ဒီကနေ့ သြဂုတ်လ ၁၈ ရက်နေ့မှာ အရှေ့ပိုင်းခရိုင်တရားရုံးက အာမခံပြန်လည်ရုပ်သိမ်းကာဖမ်းဆီးလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

အာမခံကို ဒီကနေ့ သြဂုတ်လ ၁၈ရက်မှာစစ်ဆေးကြားနာခဲ့တဲ့ရုံးချိန်းမှာ အရှေ့ပိုင်းခရိုင်တရားရုံးက ပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်ပြီး အာမခံရရှိထားသူတွေက သန်းထွဋ်အောင်(ခ) သားကြီးနဲ့ ကျော်ဇောဟန် (ခ) ကျော်ဇော၊ ပြည့်ဖြိုးအောင် (ခ) အောင်လေးတို့ ဖြစ်ပါတယ် ။ "သူတို့ကို ဒီနေ့ရုံးချိန်းမှာ အာမခံပြန်ရုပ်သိမ်းလိုက်တယ်။ ပြန်ဖမ်းဆီးလိုက်ပြီ။ အာမခံပေးတဲ့အပေါ် မကျေနပ်လို့ ပြည်ထောင်စုအဆင့်ကိုတက်လိုက်တာကြောင့်အာမခံရခဲ့တဲ့ အပြင်းအထန်နာကျင်စေမှုပုဒ်မ အစား မူလကစွဲချက်တင်ထားတဲ့ ပုဒ်မတွေနဲ့ပဲ ဆက်ပြီးစစ်ဆေးရမယ်လို့ပြောတာကြောင့်အာမခံပြန်ရုပ်သိမ်းပြီး ဖမ်းလိုက်တာဖြစ်တယ်လို့ သိရတယ်" လို့ တရားရုံးနဲ့ ဆက်စပ်မှုရှိသူတစ်ဦးက ပြောပါတယ်။ 


ဒါကြောင့် သူတို့ ၃ ဦးကို လာမယ့်ရုံးချိန်းတွေကစပြီး မူလကစွဲဆိုထားတဲ့ ပုဒ်မတွေအတိုင်း ကြားနာစစ်ဆေးသွားမယ်လို့သိရပါတယ်။ အရင်ကစွဲချက်တင်ထားတဲ့ပုဒ်မတွေက ပြည့်ဖြိုးအောင်(ခ) အောင်လေး၊ သန်းထွဋ်အောင်(ခ)သားကြီးကို လူသတ်မှုပုဒ်မ ၃၀၂ (၂) နဲ့စွဲချက်တင်ထားပြီး ကျော်ဇောဟန် (ခ) ကျော်ဇောကို လူသတ်ရန် အားပေးကူညီမှု ပုဒ်မ ၃၀၂ (၂) / ၁၁၄ နဲ့ စွဲချက်တင်ထားတာဖြစ်ပါတယ်။


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်သည်။

Share

Loading Next Article...
က္က