၁၀ လပိုင်းဆို ဇာတ်လမ်းတွဲရိုက်ပါပြီ။

အုပ်စိုးခန့်က သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဂီတဘက်မှာသာမက သရုပ်ဆောင်အလုပ်ကိုပါ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ မကြာခင်မှာတော့ ‘’အိပ်မက်တွေ မိုးထားတဲ့ အိမ်’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးကို ရိုက်ကူးတော့မှာဖြစ်ပါတယ်။

Photo: Amazing Grace



အုပ်စိုးခန့်ကိုတော့ မိန်းကလေး ပရိသတ်တွေ တော်တော်များများသိကြမှာပါ။ သူ့ကို အဆိုတော်တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ယောက် အနေနဲ့ပါ မြင်တွေ့ရတော့မယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

‘’ ဒီနှစ်ကတော့ ကျွန်တော့်အတွက် Lucky Year ပေါ့နော်။ နောက်လဆိုရင်လည်း သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်ပြီး ဇာတ်လမ်းတွဲ အသစ်ရိုက်ရတော့မှာပါ။ အနုပညာနဲ့ ပတ်သက်ပြီးတော့ သီချင်းလည်းဆိုမယ်၊ ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းကြောင်းမှာလည်း သရုပ်ဆောင် အလုပ်လည်း လုပ်သွားဦးမှာပါ။ နှစ်ခု လုပ်မယ်ပေါ့’’လို့ ဆိုပါတယ်။ 

အဲဒီနောက် သူဟာ ဂီတလောကမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါပြီ။ ဒါကတော့ Shwe FM ဂီတဆုချီးမြှင့်ပွဲမှာ ၂၀၁၉ ခုနှစ်အတွက် မျက်နှာသစ်အဆိုရှင်အမျိုးသားဆုကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

‘’ကျွန်တော့်ရင်ထဲက နှလုံးခုန်သံတွေက ရပ်သွားသလိုပဲ။ ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းကြောင်းအတွက် အားတွေလည်းဖြစ်ခဲ့ပါတယ်။ ကျွန်တော့် မိဘနှစ်ပါးကို ပြောခဲ့ဖူးပါတယ်။ ဒီဆုရအောင်ကြိုးစားမယ်လို့ ကတိပေးထားခဲ့တယ်။ အခု ကျွန်တော့်အသက် ၁၇ နှစ်မှာ ရသွားတဲ့ ဆုဖြစ်တဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၄ ရက်နေ့က ရွှေFM ဆုပေးပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Amazing Grace

အုပ်စိုးခန့်က မကြာခင်မှာ သရုပ်ဆောင် မိုရီဆာကီဝင်း၊ နေခြည်ဦး တို့နဲ့ အတူ ‘’အိပ်မက်တွေမိုးထားတဲ့ အိမ်’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးကို ရိုက်ကူးရတော့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မိုရီဆာကီဝင်း၊ ချမ်းမင်းရဲထွဋ်၊ အောင်လေး၊ အုပ်စိုးခန့်၊ ညီနန္ဒ၊ နေခြည်ဦး၊ မေနွယ်ထွန်း၊ ရွှေရင်အေး၊ သဲနန္ဒာစိုး၊ ဝမ်ဝမ်း နဲ့ ကေညီတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Photo: Amazing Grace

အုပ်စိုးခန့်ကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သီချင်းတွေ သီဆိုရင်းက တဆင့် ပရိသတ်တွေအားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကိုယ်ပိုင်သီချင်းများစွာလည်း သီဆိုခဲ့ဖူးသူပါ။ ပရိသတ်တွေ ပိုပြီးသတိထားမိစေခဲ့တာကတော့ သရုပ်ဆောင် ယွန်းယွန်းနဲ့ရိုက်ကူးထားတဲ့ ‘’တန်ခူးမေ’’ ဆိုတဲ့ သီချင်းလေးကိုလည်း ပရိသတ်တွေအများကြီး အားပေးခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ချစ်နေပြီ’’ ဆိုတဲ့ Album လေးကလည်း အောင်မြင်မှုတွေ အများကြီးရရှိခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က