အခုတော့ ဒါရိုက်တာအဖြစ်နဲ့သာ ဇာတ်ကားတွေရိုက်နေရပါပြီတဲ့။

သားညီဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ခဲ့ရတဲ့ အချိန်တွေကို အရမ်းသတိရတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ လက်ရှိမှာတော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူပါ။

Photo: Thar Nyi

သားညီတစ်ယောက် လက်ရှိမှာ သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ ရိုက်နေကြတဲ့ အနုပညာညီအစ်ကိုမောင်နှမတွေကို အားကျတယ်လို့ဆိုပါတယ်။ သူဟာ လက်ရှိမှာ ဒါရိုက်တာအဖြစ် ဇာတ်ကားတွေရိုက်နေတာကြောင့် သရုပ်ဆောင်ဖို့အတွက် လာမငှားကြလို့ စိတ်မကောင်းဖြစ်နေတဲ့အကြောင်း ရင်ဖွင့်ခဲ့ပါတယ်။

‘’သူများတစ်ကာသရုပ်ဆောင်တွေ နယ်ရိုက်ကွင်းတွေမှာပျော်နေတဲ့ပုံတွေ၊ ညစာစုစားနေတဲ့ပုံတွေမြင်ရင်

အရမ်းဝမ်းနည်းတယ်။ သားညီဆိုတဲ့ သရုပ်ဆောင်တစ်ယောက်ကို သူတို့သတိမရကြတော့ဘူးထင်ပါရဲ့ဗျာ။

ကျွန်တော်ကပဲအမူအယာလုပ်တာ မကောင်းလို့ထင်ပါတယ်။ အခုဆိုဘယ်သူကမှ လာမငှားကြတော့ဘူးလေ’’ ဆိုပြီးတော့ ဇွန်လ ၁၀ ရက်နေ့ ည ၁၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Thar Nyi

အဲဒီနောက် တစ်ချိန်တုန်းက သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးခဲ့ရတဲ့ အချိန်ကိုလည်း သတိရတယ်လို့ သားညီက ဆိုပါတယ်။

‘’ဟိုး..အရင်က ပြင်ဦးလွင်မှာ အကြာကြီးနေပြီ း

သရုပ်ဆောင်ခဲ့တဲ့ ဘဝလေးကို အရမ်းလွမ်းတယ်။ ဒီလိုအချိန်ဆို Hotel ခန်းထဲမှာ မနက်ဖြန်ရိုက်မယ့်အခန်းတွေအတွက်

အဝတ်အစားတွေမီးပူတိုက်နေရပြီပေါ့။ အခုကြတော့လည်း တစ်ခြားသရုပ်ဆောင်တွေတင်ကြတဲ့ပုံလေးတွေကို Like လုပ်ရင်းနဲ့ပဲ..။ သားညီ’’ ဆိုပြီးတော့ ဆက်လက်ရေးသားထားပါတယ်။

Photo: Thar Nyi

သရုပ်ဆောင်၊ ဒါရိုက်တာ သားကြီးက တစ်ချိန်က နာမည်ကျော်မင်းသား ဒွေးရဲ့ ညီအရင်းတစ်ယောက် ဖြစ်ပါတယ်။ ဒွေးရှိစဉ်အချိန်ကတည်းက အနုပညာအလုပ်တွေ စလုပ်ခဲ့တာဖြစ်သလို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ လူတွေရဲ့ အကြောင်းကို မီဒီယာတွေကနေတဆင့် ပြောပြခဲ့ဖူးပါတယ်

‘’ကျွန်တော်ဆိုလည်း တကယ့် ဒိတ်ဒိတ်ကြဲမင်းသားရဲ့ ညီပေါ့ဗျာ။ အစ်ကိုရှိတုန်းက ကျွန်တော့်ကို ဆက်ဆံကြတဲ့ပုံစံက တစ်မျိုး၊ အစ်ကိုမရှိတော့တဲ့နောက်ပိုင်း ကျွန်တော့်ကို ဆက်ဆံကြတဲ့ ပုံစံက တစ်မျိုးပေါ့။ ဒါပေမယ့် အဲဒါကို စိတ်ဓာတ်ကျနေလို့ မရဘူးပေါ့။ ကိုယ့်ဘာသာကိုယ် တည်ဆောက်ရတာပေါ့။ ဒီလိုပါပဲ လောကက၊ အဲဒါတွေကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့ ယုံကြည်မှုရှိလာတယ်။ အရောင်ပြောင်းတဲ့ လူတွေကို ပြန်ပြီးတော့ အရောင်ပြန်ပြောင်းလာအောင် ကိုယ့်ဘာသာကိုယ် လုပ်ယူရတာပေါ့’’လို့ သူကဆိုပါတယ်။

Photo: Thar Nyi

သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက်ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။ သားညီအနေနဲ့သရုပ်ဆောင် ဘဝမှာ ဖန်တီးခွင့်မရတာလေးတွေကို ဒါရိုက်တာ ဘဝမှာ ဖန်တီးခွင့်ရလာတယ်လို့လည်း ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

Share

Loading Next Article...
က္က