ထက်ဘုန်းနိုင်ကရော ဘာပြန်ပြောလဲ။

ထက်ဘုန်းနိုင်တစ်ယောက် ဇာတ်လမ်းတွဲရိုက်ရတော့မယ်ဆိုတော့ ကာရိုက်တာအတွက် လေ့ကျင့်နေတဲ့ ပုံစံတွေကို William Tun နဲ့ ဟိန်းရာတို့က စနောက်ခဲ့ကြပါတယ်။ သူတို့အကြောင်းကိုလည်း ထက်ဘုန်းနိုင်က ပြန်ပြောခဲ့ပါသေးတယ်။ 

Project K အဖွဲ့ကတော့ မကြာခင်မှာ “Before & After” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးတော့မှာပါ။ ဒါကြောင့် ဇာတ်ကားမရိုက်ခင်မှာ ထက်ဘုန်းနိုင်ကတော့ ကာရိုက်တာအတွက် ကြိုတင်လေ့ကျင့်နေတာတွေရှိတယ်လို့ William Tun က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 



“ သူတစ်ယောက်တည်း လေ့ကျင့်တာက သူ့အပိုင်းတွေတင်မဟုတ်ဘူး။ မသင်ဇာ ပြောရမယ့် အပိုင်းတွေကိုပါလေ့ကျင့်တာ။ မသင်ဇာရဲ့ တော်ကီတွေ မင်းပြောချင်နေတာ မဟုတ်လား။ သူက VCD ခေတ်ကတည်းက သရုပ်ဆောင် ကျွန်တော့်ထက် စီနီယာကျတယ်။ အခုမှ ကလေးယောင်ဆောင်နေတာ။ ကျွန်တော်ဆို နယ်မှာ သူ့ရဲ့ VCD တွေကြည့်ဖူးတယ်.. ဟာ ကိုထက်ဘုန်းနိုင်ပေါ့ ” ဆိုပြီးတော့ ထက်ဘုန်းနိုင်ရဲ့ မျက်နှာကို ကြည့်ပြီး စနောက်ခဲ့ပါသေးတယ်။ 

William Tun ရဲ့ စနောက်လိုက်တဲ့ စကားအပေါ် ထက်ဘုန်းနိုင်ကလည်း အခုလို ပြန်ပြောခဲ့ပါတယ်။ ကာရိုက်တာအတွက် ကြိုတင်ပြင်ဆင်မှုလေးတွေကိုလည်း ဆက်လက်ဖြေဆိုခဲ့ပါသေးတယ်။ 

“ ကျွန်တော် ဇာတ်ညွှန်းရပြီးကတည်းက ဇာတ်ညွှန်းကို ဖတ်တယ်၊ မှန်ရှေ့မှာ လေ့ကျင့်တယ်။ ပြီးတော့ စကားတွေ ပြောကြည့်တယ် ကိုယ်လုပ်နိုင်လား မလုပ်နိုင်လား ဆိုတာမျိုးတွေ စမ်းကြည့်တာပေါ့။ ကျွန်တော်က အချစ် ပုံစံ၊ လူငယ်ပုံစံ ပေါ့ပေါ့ပါးပါးလေးတွေ သရုပ်ဆောင်ရတာများတယ်။ သူကကျတော့ အနူအခန်းတွေ သရုပ်ဆောင်ရတာများတယ်”ဆိုပြီးတော့ သဘောကျရယ်မောရင်းနဲ့ William Tun ရဲ့ မျက်နှာကို ကြည့်ပြီး ပြောခဲ့ပါတယ်။ 

Photo: HSH

ဟိန်းရာကလည်း ထက်ဘုန်းနိုင် အိုက်တင်လေ့ကျင့်နေရင် ဘယ်လို ပုံစံမျိုးလဲဆိုတာကို ပြောပြခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ညီအစ်ကိုအရင်းတွေလို ချစ်ခင်ကြသူတွေ ဖြစ်တာကြောင့် ပျော်စရာလည်းကောင်းပါတယ်။ 

“ တစ်ခါတလေကျရင် အိမ်သာထဲဝင်ပြီး အော်နေတာ တောက်လျှောက်ပဲ။ ဟာ ဒီကောင် ဘာဖြစ်နေတာလဲ ပေါ့။ ဘယ်ဟုတ်မလဲ သူ သိပ်ကျပ်မပြည့်တာပေါ့။ ဆံပင်တွေတောင် နီနေပြီ။ ကျွန်တော်တို့တွေက အိုက်တင် မလေ့ကျင့်တတ်ဘူး၊ ဘယ်လို လေ့ကျင့်ရမယ်ဆိုတာလည်း မသိဘူး” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။ 

Photo: Hein Yar

Project K အဖွဲ့ဟာ လူငယ်ကောင်လေး(၇)ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ခုနှစ်က ကိုရီးယာနိုင်ငံတွင် ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိ Project K အဖွဲ့ဟာ ပြီးခဲ့သော လပိုင်းလောက် The Beginning ဆိုတဲ့ တေးအယ်လ်ဘမ်ကို ထွက်ရှိထားပါသေးတယ်။ Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ပါဝင်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က