ပရိသတ်တွေကလည်း ခွင့်မပြုသေးပါဘူးတဲ့။

စံထိပ်ထားဦးက မိဘတွေက ခွင့်မပြုလို့ သရုပ်ဆောင်မလုပ်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ သူမက လက်ရှိမှာ ၁၀ တန်းတက်နေတာဖြစ်ပါတယ်။

Photo: စံထိပ်ထားဦး

ခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသော သမီးလေး စံထိပ်ထားဦးက သရုပ်ဆောင်အလုပ်ကို လုပ်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကလည်း မိဘတွေက ခွင့်မပြုတဲ့အပြင် သူမကိုယ်တိုင်ကလည်း လုပ်မှာမဟုတ်ဘူးလို့ မီဒီယာတွေကနေတဆင့် ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

‘’သရုပ်ဆောင်ကတော့ မလုပ်ဖြစ်ပါဘူး။ ဖေဖေနဲ့ မေမေက ခွင့်မပြုလို့လေ။ ခွင့်ပြုတယ်ဆိုရင်လည်း အခုချိန်တော့ မလုပ်ချင်သေးဘူးလေ။ နောက်လည်း လုပ်ဖြစ်မယ်လို့ မထင်ဘူး။ ဖေဖေလည်း မကြိုက်ဘူးလေ၊ ထိပ်ထိပ်ကို လာကမ်းလှမ်းတာတွေတော့ရှိတယ်၊ ဖေဖေလည်း ခွင့်မပြုဘူး၊ မေမေလည်း ခွင့်မပြုဘူး။ ပြောရရင် ပရိသတ်တွေကလည်း ခွင့်မပြုသေးပါဘူး’’ လို့ သူကဆိုပါတယ်။

Photo: စံထိပ်ထားဦး

စံထိပ်ထားဦးက လက်ရှိမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စာကြိုးစားနေတယ်လို့ ဆိုပါတယ်။ သူမဟာ ဂီတကို ဝါသနာပါသူတစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။

‘’သမီးက အခု ဆယ်တန်းဆိုတော့ ဆယ်တန်းစာမေးပွဲပြီးအောင်ဖြေလိုက်ဦးမယ်။ သေချာတာကတော့ တစ်ကိုယ်တော် Album ထွက်ဖို့ သေချာပါတယ်’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၈ ရက်နေ့ ညက ‘’တရုတ်မလေးကို ချစ်တယ်’’ ရုပ်ရှင်ဇာတ်ကားအထူးပြပွဲကို တက်ရောက်လာရင်း ဖြေဆိုခဲ့ပါတယ်။

Photo: စံထိပ်ထားဦး

စံထိပ်ထားဦးဟာ ပရိသတ်တွေရဲ့ ဝေဖန်မှုကို တော်တော်လေး ခံခဲ့ရဖူးသူတစ်ဦးဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမကို ဝေဖန်သူတွေ နည်းသွားတဲ့အပြင် ပိုလို့တောင် ချစ်လာကြတာကို တွေ့ရပါတယ်။

‘’ကျေးဇူးတော်တော်တင်တာပေါ့။ ဝေဖန်ကြတဲ့သူတွေကလည်း ပြောလို့ရပါတယ်။ ဒီလောကထဲဝင်လာပြီဆိုတော့ အတိုက်အခိုက် ခံနိုင်မှရမယ်လေ။ မေမေလည်း ထိပ်ကို အမြဲတမ်း သင်ပေးထားတယ်။ ဝေဖန်မှ ထိပ်ထိပ်လည်း နားလည်မှာပေါ့နော်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: စံထိပ်ထားဦး

စံထပ်ထားဦးဟာ ကိုခန့်နိုင်နဲ့ သရုပ်ဆောင်ခိုင်သင်းကြည်တို့ရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်ပါတယ်။ လက်ရှိမှာလည်း ပညာရေးကို ဦးစားပေးနေရတဲ့အပြင် အနုပညာနဲ့ပတ်သက်ပြီး ကြော်ငြာရိုက်ကူးရေးတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ သူမဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က အသက် ၁၆ နှစ်ပြည့်ခဲ့တာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က