ပိုင်အုပ်စိုးအောင်ဟာ MTV တစ်ခုမှာ အောင်လေးနဲ့ ချစ်သူတွေပုံစံမျိုး ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့တဲ့ အကြောင်းပြောလာပါတယ်။ သူဟာ သရုပ်ဆောင်အလုပ်ကို ရူးသွပ်သူဖြစ်တာကြောင့်လည်း ဘယ်လိုကာရိုက်တာဖြစ်ဖြစ်ရိုက်ကူးချင်တာပါတဲ့။
Photo: Sha
ပိုင်အုပ်စိုးအောင်ကတော့ ဒီနေ့ခေတ် ဆယ်ကျော်သက် ကောင်မလေးတွေကြားမှာ ရေပန်းစားတဲ့ လူငယ်သရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေပါပြီ။ အနုပညာအပေါ်ထားတဲ့ သူ့ရဲ့ ရည်မှန်းချက်ကိုလည်း မီဒီယာအင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။
‘’ ကျွန်တော် ဒီအလုပ်စလုပ်ကတည်းက သရုပ်ဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကြီးကို ခံယူထားပြီးသားဆိုတော့ ဘာလာလာ အကုန်လုပ်ချင်တယ်။ သူတောင်းစား ကာရိုက်တာပဲ လုပ်ရ လုပ်ရ၊ နတ်ကတော်ပဲ လုပ်ရ လုပ်ရ အကုန်လုပ်ချင်တယ်။ ကာရိုက်တာအစုံ လုပ်ချင်တဲ့ စိတ်နဲ့ သရုပ်ဆောင်လုပ်တာပါ’’ဆိုပြီးတော့ စက်တင်ဘာလ ၁၉ ရက်နေ့က Oppa A9 မိတ်ဆက်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။
Photo: paing Oak Soe Aung
အဲဒီနောက် ပိုင်အုပ်စိုးအောင်ဟာ သရုပ်ဆောင် အောင်လေး နဲ့ ချစ်သူတွေပုံစံမျိုးပါဝင် သရုပ်ဆောင်ထားတဲ့ ‘’ရှ’’ MTV ကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါသေးတယ်။
‘’ဒီနိုင်ငံမှာက ရှားတယ်လေ ဒီလိုမျိုးတွေ သိပ်မရိုက်ကြဘူး။ ဟိုတစ်ခါတုန်းကလည်း Boy Love Series တစ်ခုထွက်လာသေးတယ်။ ပေါက်သွားတယ်လေ။ ဒီဥစ္စာကလည်း မြန်မာနိုင်ငံမှာ သိပ်မရှိဘူး။ ထိုင်းမှာပဲ ရှိတာများတယ်လေ။ ဒီနိုင်ငံက မိန်းကလေးတွေကလည်း အားပေးကြပါတယ်။ ကျွန်တော်ကတော့ ဘယ် ကာရိုက်တာ လာလာ အကုန်ရိုက်ချင်တယ်’’ လို့ ဆိုပါတယ်။
Photo: Sha
ပိုင်အုပ်စိုးအောင်ကိုတော့ အရပ်ရှည်ရှည် ခပ်ချောချောကောင်လေးတစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သတိထားမိခဲ့တာဖြစ်ပါတယ်။ သူဟာ ပျော်ပျော်နေတတ်တဲ့လူငယ်တစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ထားသူပါ။ လက်ရှိမှာတော့ ပိုင်အုပ်စိုးအောင်ရဲ့ အနုပညာလှုပ်ရှားမှုတွေက ကြော်ငြာတွေ၊ MTV တွေ နဲ့ အလှဓာတ်ပုံတွေ အများကြီးရိုက်ကူးနေတယ်လို့ သိရပါတယ်။