မိုးဟေကို ၊ ပိုင်ဖြိုးသု တို့နဲ့ ရုပ်ရှင်ရိုက်တော့မှာပါ။

အေးမြဖြူကိုတော့ ပရိသတ်တွေက သရုပ်ဆောင် တစ်ယောက်အဖြစ် မြင်တွေ့ရတော့မှာပါ။ Myanmar idol(Season 4) သီချင်းဆိုပြိုင်ပွဲပြီးတဲ့အချိန်မှာ ပထမဆုံးအကြိမ်ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။

Photo: Aye Mya Phyu



အေးမြဖြူကတော့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးရိုက်တော့မယ်လို့ သိရပါတယ်။ “ချစ်စခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သွားမှာဖြစ်ပြီး စီနီယာအနုပညာရှင်တွေနဲ့ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

“ဦးဏကြီး ရိုက်ကူးမယ့် "ချစ်ခင်စမှော်ရုံ" ဇာတ်ကားကြီးမှာ သမီးပါဝင်သရုပ်ဆောင်မှာပါရှင့် ? အားပေးကြပါဦး” ဆိုပြီးတော့ အေးမြဖြူရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၅နာရီခွဲကျော်က ရေးသားခဲ့တာဖြစ်ပါတယ်။ သူမကတော့ ၁၀ကျော်သက် အရွယ်မှာ ပထမဆုံးလက်ခံရိုက်ကူးခွင့်ရတဲ့ ရုပ်ရှင်ကားကြီးပါ။ ဒီဇာတ်ကားမှာတော့ အေးမြဖြူနဲ့ အတူ သရုပ်ဆောင် ဒေါင်း၊ ကျော်ထက်အောင်၊ မိုးဟေကိုနဲ့ ပိုင်ဖြိုးသုတို့က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Photo: Aye Mya Phyu

အေးမြဖြူဟာ ငယ်ငယ်လေးကတည်းက အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ အများကြီးရှိခဲ့ပါတယ်။ သရုပ်ဆောင် တစ်ယောက်အဖြစ် ဗီဒီယို ဇာတ်ကားများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ဖူးခဲ့သူပါ။ ငယ်ငယ်လေးကတည်းက သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့တာကြောင့် သူ့ကို ချစ်တဲ့ ပရိသတ်တွေအများကြီး ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။

Photo: Aye Mya Phyu

အေးမြဖြူကတော့ Myanmar idol (Season-4) မှာ Vote နံပတ် No.77711 နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက သီချင်းတွေလည်း ဆိုခဲ့တဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူမကို အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က