ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာအပါအဝင်(၃)ဦးကို မြဝတီမြို့နယ် ဖလူးနဲ့ကျောက်ခက်ကြားမှာ DKBA အဖွဲ့က ဖမ်းဆီးရမိပြီလို့ မြဝတီပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)က ဦးအိုက်ကျန်းခမ်းက Duwun ကိုပြောပါတယ်။
Photo ; ကျော်ကြီး(MDY)
အိမ်အကူမိန်းကလေးကို အပ်စစ်နဲ့ ပက်မှု၊ညှင်းပန်းနှိပ်စက်မှုတွေနဲ့ တရားစွဲဆို ခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာတို့ ဇနီးမောင်နှံကို ဒီနေ့(ဧပြီလ၉ရက်)မှာ ကရင်ပြည်နယ် ၊ မြဝတီမြို့မှာ DKBA 910 တပ်ရင်းမှတပ်ရင်းမှူး ဗိုလ်မှူးစောထူးအောင်ဦးစီးအဖွဲမှဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်းခမ်းက Duwun ကိုပြောပါတယ်။
“ဖမ်းမိသွားတယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်လည်းအခုလေးတင်ဖုန်းနဲ့လှ မ်းအတည်ပြု လိုက်တာပါ။မင်းရာဇာရယ်သူဇနီးနဲ့နောက်ထပ်တစ်ယောက်ကို ဖလူးနဲ့ကျောက်ခက်ကြားမှာ ဖမ်းမိလိုက်တာပါ။သက်ဆိုင်ရာနေရာကိုလွှဲပြောင်းဖို့ လုပ်နေတယ်လို့သိရပါတယ်” လို့ သူက ဆိုပါတယ်။
Photo ; ကျော်ကြီး(MDY)
ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာအပါအဝင်(၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ပုဒ်မ ၃၂၄၊၃၂၅၊၃၅၄၊၁၁၄တို့ဖြငိ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ထံမှ သိရသည်။ အိမ်အကူမိန်းကလေးအား တူဖြင့်ထုခဲ့သော မင်းရာဇာရဲ့ ယောက္ခထီးကိုတော့ ဧပြီ(၈)ရက်နေ့ညက ဖမ်းဆီးရမိထားပြီလို့ သိရပါတယ်။