သူမက အသက် ၄၇ ရှိပြီဖြစ်ပါတယ်။

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ စိုးမြတ်သူဇာက သူမရဲ့ နုပျိုရခြင်းလျှို့ဝှက်ချက်ကို ပြောပြလာပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ပိုရင့်ကျက်လာတယ်လို့ဆိုပါတယ်။

Photo: Soe Myat Thuzar



စိုးမြတ်သူဇာက သူမဟာ အမြဲတမ်း နုပျိုနေရတဲ့အကြောင်းကို ပြောပြလာပါတယ်။ သရုပ်ဆောင် တစ်ယောက်ဖြစ်တာကြောင့်လည်း အဆင်ပြေပြေဖြစ်အောင် ကြိုးစားနေထိုင်ရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ မလှလည်း မလှတော့ပါဘူး။ အသက်လည်းကြီးပါပြီ။ ဒါပေမယ့် ကြည့်ကောင်းအောင်တော့ နေရတာပေါ့ဟယ်။ အတတ်နိုင်ဆုံးတော့ စိတ်ကို ပေါ့ပေါ့ပါးပါးနေတယ်။ တက်နိုင်သလောက် သူများအကြောင်းမတွေးဘူး။ ကိုယ့်အကြောင်းနဲ့တောင် ကိုယ်ချာလပတ်ရမ်းနေတာကြောင့်လေ။ မကြီးက အသက်ကြီးလာလို့ သူများအကြောင်းတွေ ပိုနားလည်လာလို့ဖြစ်ပါလိမ့်မယ်’’ လို့ဇွန်လ ၁၇ ရက်နေ့က ‘’စိန်ဂေါ်လီမယောကျ်ား’’ရုပ်ရှင်ကားကြီး အထူးပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Soe Myat Thuzar

စိုးမြတ်သူဇာက အခုဆိုရင် အသက် ၄၇ နှစ်ရှိပြီဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကို ကျော်လွန်ခဲ့ပါပြီ။ ဒီဆယ်စုနှစ်အတွင်းမှာလည်း အကယ်ဒမီဆုတွေ ရရှိပိုင်ဆိုင်ထားပါတယ်။ ဒီနေ့ဒီအချိန်ထိလည်း အနုပညာလောကမှာ အောင်မြင်မှုထိပ်ဆုံးကို ရောက်ရှိနေတဲ့ မင်းသမီးတွေထဲက တစ်ဦးဖြစ်ပါတယ်။

Photo: Soe Myat Thuzar

စိုးမြတ်သူဇာဟာ လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတာဖြစ်သလို ညီအစ်မ ၄ ဦး အတူတူ ဖွင့်ထားတဲ့ ‘’မင်းသမီး’’ ပိုးထည်တိုက်ကိုလည်း အချိန်ရရင်ရသလို ဝင်ကူညီပေးနေတာကို တွေ့ရပါတယ်။ အခုလက်ရှိမှာတော့ ညီမဖြစ်သူ စိုးမြတ်နန္ဒာ အပါအဝင် တူလေး မြတ်သောမောင်၊ အဆိုတော်စိုးသူတို့နဲ့ အတူ အမေရိကခရီးစဉ် ရောက်ရှိနေကြတာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က